အဆီတက်ခြင်း အကြောင်းတရား

လူအများနေ့ စဉ် စားသုံးနေသော အစားအစာ များတွင် ပါဝင်နေသော အဆီများကြောင့် သွေးတွင်း သွေးကြောများ တွင် ကိုလက်စထေရာ အချိုးအစားများ စုစည်းမြင့်တက် လာပြီး ဝမ်းဗိုက်များ တွင်လည်း အဆီများ တက်လာပြီး ဗိုက်ခေါက်ထူ ဗိုက်ပူ လာပါသည် ။ မိမိတို့ စားသုံးသော အစားများတွင် ပျော်ဝင်ခြင်း မရှိသော ဆီများ စားသုံးခြင်း ကြောင့် များမကြာမှီ တင်ပြသလို့ ဖြစ်ပေါ်ပါသည် ။

ပျော်ဝင်ဆီ မဟုတ်ခြင်းကြောင့် အဆီများ တက်လာပါသည် ။ ပျော်ဝင်ခြင်း ရှိသော ဆီများအနေဖြင့် စားသုံးပြီးသောလည်း ခန္ဓာကိုယ်အတွင်း သိုလှောင်ခြင်း မပြု့ ဘဲ ကယ်လိုရီအဖြစ် ပြောင်းလဲခြင်းကြောင့် အဆီတက်ခြင်း မဖြစ်ပေါ်တော့ပါ ။ ပျော်ဝင်ခြင်း မရှိသော ဆီများအနေဖြင့် ဗိုက်နေရာတွင် အဆီများ စုဝေးပြီး ထပ်မံပြီး အသည်းကိုလည်း အဆီဖုံး စေနိုင်ပါသည် ။

ပျော်ဝင်နှုန်းရှိသော နေကြာဆီကို ဆီပါမှာ စားသောက်ကောင်း သူများအနေဖြင့် ပိုမိုသင့်တော်သလို့  ပျော်ဝင်မှု မရှိသော စားအုန်းဆီအမျိုးအစားကို စားသုံးခြင်း မသင့်ပါ ။ မြန်မာ့အစားအစာ ချက်လုပ်ရာတွင် ဆီများစွာသုံးခြင်း သည်လည်း ကျန်းမာရေးအတွက်မသင့်သလို့  ရေရှည်အတွက်လည်း အသည်းအဆီဖုံးခြင်း နှင့် ခါးဝမ်းဗိုက်များ အဆီစုစည်းခြင်းကြောင့် ခါးတုတ် ဗိုက်ပု လာပါသည် ။

သင့်နေ့ စဉ်စားသုံးသော အစားအစာနှင့် ချက်ပြုတ်ဟင်းအလျာများတွင် ဆီပါဝင်ချက်ပြုတ်စားသုံးခြင်းကို လျော့ချပြီး စားသုံးပါ ချက်ပြုတ်ပါ ။ ပျော်ဝင်မှု့ မရှိသော ဆီပါဝင်သော မုန့် များနှင့် အစားသောက်များကို စားသုံးနေလျှင်လည်း အဆီချခြင်းအတွက်လုပ်ဆောင်နေပေမဲ့ သင့်အတွက် ပင်ပန်းမောပန်းနေမှု့ သာ အဖက်တင်နေပါလိမ့်မည် ။

ရေရှည်စားသုံးခြင်းကြောင့် အဆီစုစည်းခြင်းများလာလျှင် ခန္ဓာကိုယ်လှုပ်ရှားရခြင်း လေးထိုင်လာသလို့ လှချင်သည့် စိတ်ကူးတွေလည်း ဝေးလာပါမည် ။

အသက်ရာကျော် ရှည်ပါစေ

Mg Mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...