အဆစ်ရောင် ရောဂါရှင်များအတွက် လမ်းညွှန်ချက်
သက်ကြီးရွယ်အိုများ အဖြစ်အများဆုံး ရောဂါများအနက် တစ်ခုမှာ အဆစ်ရောင် ရောဂါ ဖြစ်သည်။ အဆစ်များ ရောင်ရမ်းပြီး ပြင်းထန်စွာ နာကျင်ခြင်းမှာ အဆစ်ရောင် ရောဂါ၏ လက္ခဏာရပ် အချို့ဖြစ်ပြီး ရောဂါရှင်အနေဖြင့် သာမန် လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်ရန်ပင် အခက်အခဲ ရှိသည်။
အဆစ်ရောင် ရောဂါရှင် များအတွက် ခန္ဓာကိုယ် အရိုးအဆစ် များအပေါ် ဖိအားများစွာ မဖြစ်ပေါ်စေရန် နည်းလမ်းအချို့ ဖော်ပြပေး လိုက်ပါသည်။
အရိုးအဆစ် တစ်ခုတည်းပေါ်သို့ လုံးဝ အားမပြုပါနှင့်။ အကယ်၍ ဗီရိုတစ်လုံးကို အခြားတစ်နေရာသို့ တွန်းရွှေ့ခြင်း (သို့မဟုတ်) တံခါးဖွင့်ချိန်တွင် သင်၏ လက်နှစ်ဖက်စလုံး (သို့မဟုတ်) ခြေထောက်နှစ်ဖက်စလုံးကို တူညီစွာ အားပြုလုပ်ဆောင်ရန် လိုအပ်သည်။ ခန္ဓာကိုယ်အရိုးအဆစ်များအားလုံးအပေါ် တူညီစွာ အားပြုခြင်းဖြင့် နာကျင်မှု ကို လျော့ကျစေနိုင်သည်။
ခန္ဓာကိုယ် အနေအထား တစ်မျိုးတည်းဖြင့် နာရီများစွာ ကြာအောင် မထိုင်ပါနှင့်။ အပြင်ဘက်တွင် တာတို လမ်းလျှောက် ခြင်း (သို့မဟုတ်) အခန်းတစ်ခန်းစာမျှ လမ်းလျှောက်ခြင်း ပြုလုပ်ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်ကြား ခဏတာ အနားယူပါ။ ပုံစံတကျဖြစ်သည်နှင့် ယင်းနည်းအတိုင်း ပုံမှန်ဆက်လုပ်ပါ။
ကိုယ်လက်လှုပ်ရှားရမှုများသော လူနေမှုဘ၀ပုံစံမှာ အဆစ်ရောင်ရောဂါများအတွက် မသင့်လျော်ပေ။ လှုပ်လှုပ် ရှားရှားနေခြင်းမှာ အန္တရာယ်မရှိသော်လည်း စနစ်တကျပြုလုပ်ရန် လိုအပ်သည်။ပစ္စည်းများကို မ,ရွှေ့မည့်အစား တွန်းရွှေ့ပါ။ ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်ဖ၀ါးအသုံးပြုပါ။ ဒူးနှင့်ပေါင်တို့ကို အားပြုရမည့်အစား လေးလံ သော ပစ္စည်းများကို ဘေးတစ်စောင်းအနေအထားဖြင့် တွန်းရွှေ့ပါ။ မကုန်းမကွပါနှင့်။ သင့်အိမ်ထဲရှိ အသုံးများ သော ပစ္စည်းများကို လက်တစ်ကမ်းအလိုတွင် ထားပါ။ မလိုအပ်ဘဲ ကုန်းခြင်းကွခြင်းကြောင့် အရိုးအဆစ်များကို ဖိအားပိုများစေသည်။ အကယ်၍ ကုန်းကွရမည်ဆိုပါက ဖိအားနည်းသွားစေရန် ကျောကို တစ်ဖြောင့်တည်းထားပါ။

—Ref: TOI
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+