မင်္ဂလာဆောင်ကြရအောင်
ကျွန်မတို့ နေထိုင်ရာ ဒီကမ္ဘာမြေပေါ်တွင် ဖို/မ အချစ်ဘယ်က စပါသလဲ? အဖြေကတော့ ရှင်းပါသည်။ အာဒမ်ယောက်ျား လူသား ကို ဘုရားသခင်က စတင်ဖန်ဆင်း ပေးခဲ့ပြီးနောက်၊ အာဒမ်ကို အလုပ်အကျွေးပြုစုရန်၊ ဧ၀မိန်းမ လူသားကို ဖန်ဆင်း ပေးခဲ့ရာမှ အစ ပြုသည်ကိုတော့ စိုးစဉ်းမျှ ယုံမှား သံသယဖြစ် ဖွယ်မရှိပါ၊ ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလား မြောက်သောအခါတွင် အိမ်ထောင်ပြု ကြသည်မှာ လောက ဓမ္မတာ တစ်ခုပါ။
လက်ထပ်ခြင်းသည် လူမှုရေး (သို့မဟုတ်) တရားဥပဒေအရ လူပုဂ္ဂိုလ်(၂)ဦး ပေါင်းစပ်ခြင်းဖြစ်ပြီး၊ ထိုပေါင်းစပ်မှုကို ထိမ်းမြား ခြင်းဟုခေါ်ဆိုကာ မင်္ဂလာဧည့်ခံပွဲ ကျင်းပ၍ လူအများ၏ အသိအမှတ်ပြု ခံယူခြင်းဖြစ်ပါသည်။ မင်္ဂလာဦး ညမှစ၍ လူမှုရေး နယ်ပယ်တွင် အိမ်ထောင်သည်အဖြစ် အဆင့်တိုးမြှင့်ခံရပြီး၊ ဘ၀သစ်တစ်ခုကို နှစ်ယောက်အတူ စတင်လျှောက်လှမ်း ခြင်းဖြစ်ပါသည်။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု အစုံအလင် ဖွဲ့ စည်းတည်ထောင် ထားသော ဤကမ္ဘာပေါ်တွင် ရိုးရာ၊ ဓလေ့၊ အယူဝါဒများ ကွဲပြား သည့်အလျောက် လက်ထပ်ထိမ်းမြား မင်္ဂလာပြုသော ပုံစံခြင်း လဲ မတူညီကြပါ။ သို့ သော် တူညီ မှုတစ်ခုတော့ “တူနှစ်ကိုယ် တိုင်းပြည်” ထူထောင် ခြင်းဖြစ်ပါသည်။
မြန်မာ့ရိုးရာ ထိမ်းမြား မင်္ဂလာပွဲ
“မြန်မာအစ တကောင်းက” ဟု ဆိုသည့် အတိုင်း၊ မြန်မာ့ရိုးရာ ထိမ်းမြားမင်္ဂလာ ပွဲကတော့ တကောင်းခေတ် ကတည်းက စတင်လာခဲ့ပါသည်။ မြန်မာ့ အယူအဆအရ၊ မင်္ဂလာ(၁၂)ပါး ထဲတွင် “ အာဝါဟ ၀ိဝါဟ ” (ခေါ်) လက်ထပ် မင်္ဂလာ ထိမ်းမြားခြင်း သည် (၁)ပါး အပါအ၀င် ဖြစ်ပါသည်။ မြန်မာပြက္ခဒိန်၏ ၀ါဆို၊ ၀ါခေါင် နှင့် တော် သလင်း ဟူသော ၀ါတွင်း သုံးလတာ ကာလ တစ်လျှောက်တွင် ကျင်းပကြလေ့ မရှိဘဲ၊ ဝါလကင်းလွတ် သီတင်း ကျွတ် ပြီးမှသာ ထိမ်းမြားမင်္ဂလာပြုကြရပါသည်။ မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာကတည်းကပင် တစ်လင် တစ်မယားစံနစ်ကို ကျင့်သုံးလာခဲ့ရာ၊ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားသည် မိရိုးဖလာ အမွေအနှစ် တစ်ခုဖြစ်ပါသည်။ တရားဥပဒေအရ လက်ထပ် စာချုပ်ချုပ်ဆို ကြခြင်းကလည်း အိမ်ထောင်မှု၏ အခန်းကဏ္ဍ တစ်ရပ် ဖြစ်သလို၊ မင်္ဂလာဧည့်ခံ ပွဲမပြုမီ၊ ရှေးဦးစွာ မင်္ဂလာဆွမ်းဦးအနေဖြင့် သံဃာတော်များပင့်ဖိတ်ကာ ဆွမ်းနှင့် တကွ၊ လှူဘွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ် လှူးဒါန်းခြင်းကို မြတ်ဗုဒ္ဓဘာသာလက်ထပ်နည်း ဟုခေါ်ပါသည်။
သတို့ သမီး၏ ၀တ်စားဆင်ယင်ပုံကတော့ ရှေးမြန်မာဘုရင်များ လက်ထက်က နန်းတွင်းသူများဝတ်လေ့ရှိသည့် တင်ပါးအထိ ဖုံးသော ခါးထောင်အင်္ကျီနှင့် ကြိုးကြီးချိပ် ထိုင်မသိမ်းဖြစ်ပြီး၊ လက်ဝတ် ရတနာအစုံအလင်နှင့် ရွှေခြေ ကျင်းပါ ဆင်မြန်းလေ့ရှိ ပါသည်။ သတို့သားက ခေါင်းပေါင်း၊ ကော်လံ ကတုံးရှပ်အင်္ကျီအဖြူ၊ တိုက်ပုံ နှင့် သာမန် လုံချည် ထက် နှစ်ဆနီးပါးမျှ ပို၍ရှည် လျားသော (တောင်ရှည်) ချိပ်ပုဆိုးတို့ကို ၀တ်ဆင်ပါသည်။ ထိုဝတ်စုံများနှင့် လိုက်ဖက်ညီအောင် မင်္ဂလာမောင်နှံ (၂)ဦးစလုံး ကတ္တီပါ(သို့မဟုတ်)သားရေ ညှပ်ဖိနပ်ကိုသာ စီးနင်းလေ့ ရှိပါ သည်။ မင်္ဂလာမောင်နှံတို့ သည် အေ ရာင်ရင့်ရင့်မှောင်မှောင်တို့ ကို ၀တ်ဆင်လေ့မရှိဘဲ၊ ရွှေဖလားရောင် (ခေါ်) ရွှေရောင်ကို မင်္ဂလာေ ရာင်အဖြစ် ဆင်မြန်းလေ့ရှိကြပါသည်။ မင်္ဂလာမောင်/မယ် ကို ပွဲထုတ်ပေးသော၊ အခမ်း အနားမှုး(ခေါ်) ဘိသိက်ဆရာ ၏ အခန်းကဏ္ဍကလဲ အရေးကြီးသလို၊ မင်္ဂလာမောင်နှံ၏ ဘ၀ခရီးတစ် လျှောက် ပန်း ခင်းေ သာလမ်းတွင် လျှောက်ရပါစေကြောင်း အတိတ်နိမိတ်ကို ဆောင်ကျဉ်းသည့်အနေဖြင့် မိန်းမ ပျိုတစ်ဦးက ရှေ့ ဆုံးမှပန်းကျဲခြင်းကလဲ၊ ချစ်စရာ့ယဉ်ကျေးမှုတစ်ခုပါ။ အိမ်ထောင်တစ်ခုကို စတင် တည်ထောင်မည့်သူနှစ်ဦးအား မိမိတို့တတ်နိုင်သလောက် ၀ိုင်းဝန်းထောက်ပံ့ကြသည့် သဘောအဖြစ် ရွှေပွဲလာပရိတ် သတ်များကလည်း မင်္ဂလာလက် ဖွဲ့ ချီးမြှောက်ကြပါသည်။
ရှေးယခင်ကတော့ မင်္ဂလာဧည့်ခံစားရိတ်ကို သတို့ သားဘက်ကသာ တာဝန်ယူလေ့ရှိပါသည်။ ငွေကြေးသုံးစွဲနိုင်မှု အနေအထား ပေါ်မူတည်ပြီး၊ မင်္ဂလာဧည့်ခံပွဲကို သတို့ သမီး (သို့ မ ဟုတ်) သတို့ သားနေအိမ်၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဘိုးဘွား ရိပ်သာ၊ ရပ်ကွက်ရှိမင်္ဂလာခန်းမများ၊ စားသောက် ဆိုင်၊ ဟိုတယ် စသည်ဖြင့်ကျင်းပကြပြီး၊ ဧည့်ခံပွဲနေရာအကျယ်အ၀န်းနှင့် ဧည့်ပရိတ်သတ် အနည်း အများပေါ်မူတည်ကာ အကျွေးအမွေး အစီအစဉ် အနေဖြင့် မုန့် ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ ကြာဇံချက်၊ မြန်မာထမင်းဟင်းလျာစုံ၊ ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်း၊ နိုင်ငံခြားမုန့် အမျိုးမျိုး၊ တရုပ်ဘူးဖေးလ်၊ ကော်ဖီ၊ လ္ဘက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုပ်…စသည်ဖြင့် အလျဉ်းသင့်သလို ဧည့်ခံလေ့ရှိပါသည်။ ငွေကြေးတတ်နိုင်သူများကလည်း၊ ကော်ဇောနီ ခင်းထားသော ဟိုတယ်ကြီးများ တွင် နောက်ခံတေးဂီတ၀ိုင်း နှင့် အဆိုကျော်များထဲ့သွင်းကာ၊ တခမ်းတနားမင်္ဂလာ ယူကြပါသည်။
မည်သို့ ပင်ဆိုစေကာမူ အလွှာအသီးသီးမှ မင်္ဂလာမောင်နှံ တို့ ၏ တူညီမှုတစ်ခုကတော့ တစ်သက် မှာ တမင်္ဂလာ အတွက် ဓာတ်ပုံ၊ ဗွီဒီယိုဖြင့်မှတ်တမ်းတင်ကြခြင်း ဖြစ်ပါသည်။ မြန်မာတို့၏ ချစ်စရာ့လူမှု ဓလေ့တစ်ခုကတော့ အခန်းတွင်းဝင်မည့် မင်္ဂလာမောင်နှံကို ရွှေကြိုး၊ငွေကြိုးများတား၍ ခဲဘိုးတောင်း ကြခြင်းပါ။ ခြိမ်း ခြောက်ခြင်း၊ အနုကြမ်းစီးခြင်း ကဲ့သို့မဟုတ်ပဲ အပျော်သဘောလာဘ်ေ တာင်းခြင်ြး ဖစ်ပြီး၊ အုံးအုံးကြွက်ကြွက်ဆူညံကာ တမျိုးပျော် စရာကောင်းလှပါသည်။
ညစာစားပွဲများသည် မြန်မာ့ရိုးရာ ဓလေ့မဟုတ်ဘဲ အနောက်တိုင်း ယဉ်ကျေးမှုမှ ကူးစက်မှုတစ်ရပ်သာဖြစ်၍ မြို့ ကြီးပြကြီးများရှိ ငွေကြေးတတ်နိုင်သူများသာ ကျင်းပလေ့ရှိသော အခမ်းအနားဖြစ် သည်။ မြန်မာ့ဓလေ့မဟုတ် သဖြင့် သတ်မှတ်ပုံစံမရှိသလို သတ်မှတ်ထားသော အ၀တ်အစားများ လည်း သီးသန့်ရှိမနေပါ။ ပေါ့ပေါ့ပါးပါး အ၀တ်အစားများကိုသာ ၀တ်ဆင်လေ့ရှိပြီး၊ မိတ်ဆွေအပေါင်း အသင်းများနှင့် သီးသန့်ပျော်ပါးသည့် ပွဲမျိုးသာဖြစ် သည်။ အနောက်တိုင်းဆန်ဆန် ပျားရည်ဆမ်းခရီး ထွက်ခြင်းကလည်း မင်္ဂလာမောင်နှံတို့ အတွက် တစ်သက် မမေ့စရာ၊ အမှတ်တယအဖြစ်လေးရယ်ပါ။
ကျား/မသဘာဝ တို့ ဖြင့် ဖွဲ့ စည်းထားသော ဤလူ့ ဘောင်မှာ ရှေးရေစက်ပါရှိမှသာ ဖူးစာဖက်ခွင့်ရကြ မှာပါ။ မိမိ ချစ်မြတ်နိုးရတဲ့ သူကို လက်လွတ်ဆုံးရှုံးမခံဘဲ၊ ရယူပိုင်ဆိုင်ချင်တာကတော့ နှလုံးသားရှိ သူ လူသားအားလုံးရဲ့  ဆန္ဒတစ်ခုပေါ့။ မိဘကပေးစား လို့ ဖြစ်စေ၊ အောင်သွယ်တော်ကောင်းလို့ ဖြစ်စေ၊ ကိုယ်ချစ်ကြောင့်ဖြစ်စေ၊ သူ ချစ်ကြောင့်ဖြစ်စေ၊ နှစ်ကိုယ်တူချစ်ရည်မျှလို့  ဖြစ်စေ… အကြောင်းကြောင့် နှဖူး စာရွာလယ်ပြီး အကြင်လင်မယား ဖြစ်ကြပြီဆိုမှဖြင့်၊ ပျော်ရွှင်စရာမိသားစုဘ၀ကို ရိုးမြေ ကျတည် ဆောက်ဖို့ ကတော့ မင်္ဂလာမောင်/မယ်တိုင်းရဲ့  တာဝန်ပါ။ အမြဲတမ်းပြောင်းလဲနေတတ်တဲ့ ပတ်ဝန်းကျင်အသစ်နဲ့  လိုက်လျော ညီထွေအောင်၊ တဦးပေါ်တဦး အပြန်အလှန်နားလည်ခွင့် လွှတ်ြ ကရင်း နဲ့ ပေါ့။ ရခဲလှတဲ့လူ့ ဘ၀မှာ ကြုံတောင့်ကြုံခဲ ကက္ကိယ၊ ပုရိ ဿ အဖြစ်ဆုံတွေ့ ခွင့်ရတဲ့ “ချစ်သူတိုင်း ငြားကြပါစေ၊ ငြားသူတိုင်း ချစ်ကြပါစေ” လို့  ဆန္ဒပြုရင်း။
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
promise.pauk

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+