ခြေထောက် အကြော ထုံးခြင်းအတွက် သိမှတ်ဖွယ်ရာ အဖြာဖြာ

အကြောများ ဆိုင်းပြီး သွေးကြော ပိတ်ဆို့ ရောင်ရမ်း လာခြင်းကို ဆေးပညာအရ varicose vein လို့ ခေါ်ပါတယ်။ များသောအား ဖြင့် ခြေထောက်နှင့် ခြေမျက်စေ့တို့ တွင် ဖြစ်လေ့ရှိပြီး၊ သွေးကြော အဆို့ ရှင်များ အားနည်း၍ ကောင်းစွာ အလုပ်မ လုပ်နိုင်ခြင်း ကြောင့် ဒီရောဂါဖြစ်လာပါတော့ တယ်။ အဲဒီလို ပိတ်ဆို့ ခြင်းက ကြီးမားမား ပြသနာ မဟုတ်သော်ငြား၊ လွန်ကဲ စွာ အကြောထုံးလာခဲ့ ရင်ဖြင့် နောက်ဆက်တွဲရောဂါ အန္တာရာယ်များဖြစ်ပေါ် လာစေပါတယ်။

အလှုပ်အရှားနည်းသည့် သက်ကြီးရွယ်အိုများ၊ အရွယ်မတိုင်မီအ၀လွန်သူများ နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖြစ်လေ့ရှိပါ တယ်။ ရောဂါလက္ခဏာများကတော့ (၁)ခြေထောက်ရောင် ကိုင်းခြင်း (၂) သွေးကြောများယားယံခြင်း (၃) အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ ဖြစ်ပါ တယ်။ သာမန်အကြောထုံးခြင်းကို အနေအထိုင် အစားအ သောက်ဖြင့် ထိန်းထားနိုင်သော်လည်း၊ သာမန်ထက်ဆိုးရွားလာရင်တော့ လိုအပ်သော စစ်ဆေးမှုတွေလုပ်ပြီး၊ ရောဂါအတိမ်အနက်ပေါ် မူတည်ကာ (၁) လေဆာပစ်ခြင်း၊ (၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ (၃) ခွဲစိပ်ခြင်း စသည်ဖြင့် ကုသမှုခံယူသင့်ပါတယ်။

အနေအထိုင်ဆင်ခြင်ပါ။

(၁) ကောင်းစွာ သွေးလည်ပတ် စီးဆင်းခြင်းက အကြောထုံးဝေဒနာ (လုံးဝ)မဖြစ်စေနိုင်ပါ။ ထို့ ကြောင့် လမ်းများ များ လျှောက်/ခပ် ဖွဖွပြေး/စက်ဘီးစီး/ရေကူး စသည့်လေ့ကျင့်ခဏ်း တစ်ခုခုကို နာရီဝက်(သို့ မဟုတ်)၄၅မိနစ်ခန့်  နေ့ စဉ် ပုံမှန်လုပ်ပေးခြင်း ဖြင့် သွေးလည်ပတ်မှု ကောင်းစေသည့်အပြင် ကိုယ်အလေးချိန်ပါ ကျစေပါတယ်။ (၂) ကြာမြင့်စွာ မတ်တပ်ရပ် အလုပ်လုပ်ခြင်းက ခြေထောက်ကို ၀န်ပိစေပြီး၊ အကြောထုံးလာစေလို့ သတိပြုပါ။ (၃) ခုံပေါ်မှာ အကြာကြီးထိုင်၍ အလုပ်လုပ်ခြင်း၊ တီဗွီကြည့်ခြင်း (သို့ မဟုတ်)ကွန်ပြူတာ ကြာမြင့်စွာသုံးခြင်း၊ ခြေထောက် ၂-ချောင်းချိပ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့ လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့ က သွေးလည်ပ တ်မှုကို တားဆီးပိတ်ဆို့ စေပါတယ်။ (၅) ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေး လမ်းလျှောက်ခြင်း (သို့ မဟုတ်)မတ်တပ် ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့ စေနိုင်ပါတယ်။ (၆) မိမိခြေထောက် ထက်သေးငယ်သည့် ဖိနပ်စီးခြင်း၊ ခြေ အိပ်သေးသေး ၀တ်ဆင်ခြင်း တို့ ကလည်း ခြေထောက် သွေးကြောထုံးစေတဲ့ ပြသနာများပါဘဲ။ (၇) တခါတရံမှာ အကြောထုံး များက သီးမခံနိုင်လောက်အောင် ယားယံစေသော်လဲ၊ ကုတ်ခြစ်ခြင်းမပြုပါနှင့်။ သွေးထွက် အနာဖြစ် စေပါတယ်။

အစားအသောက်ဖြင့်ထိန်းပါ။

(၁) သကြား၊ အချိုကဲသောအစားအစာများ၊ ရေခဲမုန့် ၊ ဆီကြော်မုန့် များ၊ အဆီများသောအစား အစာများ၊ တိရိစ္ဆာန်မှ ရသော အဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသော အသင့်စား အစားအစာများ၊ ဆား နှင့် ငန်သော အစားအစာများ … စသည်တို့ ကိုရှောင်ပါ (သို့ မဟုတ်) အနည်းငယ်သာ စားပါ။ (၂) ဆေးလိပ် နှင့် အရက်ကို တတ်နိုင်သလောက် ရှောင်ပါ။ (၃) ငါးများများစားပါ။ (၄) ပဲပိစပ်၊ ကြက်သွန်နီ၊ ဂျင်းတို့ က သွေးလည်ပတ်မှုကို များစွာကောင်းးကျိုး ပြုပါတယ်။ (၅) နာနတ်သီး၊ ချယ်ရီသီး နှင့် ဘယ်ရီသီးတို့ က အကြော ထုံးပိတ်ဆို့ ခြင်းအတွက် အကောင်းဆုံး ဓာတ် စာများဖြစ်ကြပါတယ်။ (၆) ၀မ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွယ်နေတာမို့ ၊ ၀မ်းမ ချုပ်အောင် အမျှင်ဓာတ်များသော အစားအစာများ စားပေးပါ။ (၇) မုန်လာဥနီနှင့် ဟင်းနုနယ်ကိုတွဲ ဖက်စားပေး ခြင်းဖြင့်၊ ၄င်း ၂-မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်း ထက်မြတ်စေပါတယ်။

လွယ်ကူသက်သာ အိမ်တွင်းကုထုံး။

(၁) ပန်းသီးရှာလကာရည်က အကြောအထုံးများကိုပြေပျောက်စေလို့  မကြာခဏလိမ်းပေးပါ။ (ပန်းသီးရှာလကာ ရည်ကို City mart တွင်ရ၏) (၂) ကြက်ဆူဆီကလည်း အကြောထုံး၍ေ ရာင်ကိုင်း နာကျင်ခြင်းကို အချိန်တို အတွင်း ပျောက်ကင်းသက်သာစေ၍၊ ရေချိုး ပြီး ကြက်ဆူဆြီ ဖင့် အသာအယာနှိပ်နယ်လူးပါ။ (၃) နာကျင်မှု သက်သာစေရန် နှင့် သွေးလည်ပတ် မှု ကောင်းစေ ရန် အတွက် ရေဘုံပိုင်မှရေအေးအေးဖြင့် အကြောအထုံး များပေါ်သို့  အဆက်မပြတ်လောင်း ချပေးပါ။


(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်...ရေးသားမျှဝေသည်)
(ကိုးကား Home remedies for Varicose Veins by Dr.Rajesh Shah)
--
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...