CDMA 800 MHz ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက် ကောက်မယ်
မြန်မာ့ ကော်ပိုရေးရှင်း (MEC) ကထုတ်တဲ့ MEC (CDMA 800 MHZ) ဆင်းမ်ကတ်တွေ တစ်မိနစ် နောက်ပိုင်း ဖုန်းခေါ်ဆို ခတွေကို စက္ကန့်အလိုက် ကောက်ခံမယ်လို့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ကြေညာ ပါတယ်။
အောက်တိုဘာလက စပြီး MEC ဆင်းမ်ကတ် အသုံးပြုပြီး ဖုန်းခေါ်ဆိုရင် တစ်မိနစ် နောက်ပိုင်း ခေါ်ဆိုခတွေကို ခြောက်စက္ကန့် ငါးကျပ်နှုန်းနဲ့ ကောက်ခံ ကာ ဖုန်းပြောချိန် ပထမတစ်မိနစ် အတွက်တော့ ၅၀ ကျပ်နှုန်းနဲ့ ကောက်ခံတယ်လို့ MEC ဖုန်းကတ် ဝန်ဆောင်မှု ဌာန တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
“တစ်မိနစ်နဲ့ ခြောက်စက္ကန့်ဆိုရင် ၅၅ ကျပ်ကောက်မယ်။ ၁၂ စက္ကန့်ဆိုရင် ၆၀ ကျပ်ကောက်မယ်” လို့သူက ရှင်းပြပါတယ်။
လက်ရှိ အော်ပရေတာလေးခုမှာ မပါတဲ့ MEC (မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း) ထုတ် ဆင်းမ်ကတ်တွေနဲ့ မိုဘိုင်းလ်ဖုန်း အသုံးပြုခတွေကို စက္ကန့်အလိုက် ကောက်ခံတာဟာ သုံးစွဲသူတွေအတွက် အဆင်ပြေတယ်လို့ အိုင်တီပညာရှင် တစ်ဦး ဖြစ်တဲ့ ဦးဇော်ဇော်မျိုးလွင်က သုံးသပ်ပါတယ်။
“MEC က ထုတ်ဝေမှု ရပ်ထားတော့ လက်ရှိသုံးစွဲသူတွေအတွက် အဆင်ပြေတယ်” လို့ ဦးဇော်ဇော်မျိုးလွင်က ဆိုပါတယ်။
The Voice Journal
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) တက္တူး နောင်တ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားHoneymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) လှေးနှင့် တူကြသူများ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင္သားအက်ိတ္မ်ားHoneymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ