Entry လေလော Semi Pro လော...?

ဟိုတစ်ခါ DSLR ဘယ်လိုဝယ်မရမလဲဆိုတာ ကျွန်တော်လေ့လာမိသလောက် အတွေ့ အကြုံရှိ သလောက် ရေးပေးခဲ့ဖူးပါတယ်..။ ဒီ Post နဲ့ ဘာကွာသွားလဲဆိုတော့ ဒီပို့စ်က ပိုပြီး နဲနဲ Detail ကျသွားပါတယ်..။ Full Frame တွေ အကြောင်းမေ့လိုက်ပါတယ်...။ Entry Level နဲ့ Semi-Pro Body တွေကိုပဲ ယှဉ်ပြမှာ ဖြစ်ပါတယ်..။

ဒီ Post ကိုရေးဖို့အဓိက သတိရသွားတဲ့ အကြောင်းအရင်းက 7D နဲ့ 60D ဘာဝယ်ရမလဲဆိုတဲ့ မရိုးနိုင်တဲ့ မေးခွန်းတစ်ခု ကြောင့် ဖြစ်ပါတယ်...။

ဈေးသက်သက်သာသာနဲ့ အဆင့်ရှိတဲ့ အရည်အသွေးကောင်းတဲ့ ပုံရချင်တယ်ဆိုရင် 550D သာ ဝယ်လိုက်ပါ...။ ရေရှည်သုံးမယ်..။ ကြမ်းကြမ်းတမ်းတမ်းသုံးမယ်..။ ရှိသမျှ..။ ပါသမျှ...။ Function အားလုံးနီးပါးကို အသုံးချဖို့ လိုအပ်မယ် ဆိုရင်တော့..။ 7D သာ ရွေးလိုက်ပါ..။ ကျန်တာ ဆက်မဖတ် ပါနဲ့တော့..။ ဒါက အဖြေပါပဲ...။ ကျန်တာတွေက ဘာကြောင့်လဲ ဆိုတာကို ဆက်ရှင်းမှာမို့ပါ...။

Nikon မှာဆိုရင်တော့..။ ကျွန်တော့် Choice က D3200 နဲ့ D90 ပါပဲ...။ D7000 လဲ ကျွန်တော် မကြိုက်သလို..။ D300s ကိုလည်း ကျွန်တော် သိပ်သဘောမတွေ့ပါဘူး...။ D300s ကတော့ Full Time Sports ဒါမှ မဟုတ် Photojournalism ဒါမှ မဟုတ် Wild Life သမားတွေအတွက်ဆိုရင်တော့ Good Choice ပါပဲ..။ Frame Per Second များတယ်..။ Solid ဖြစ်တယ်...။ D90 ကတော့ ကျွန်တော် အကြိုက်ဆုံးပါပဲ..။ အခုချိန်မှာ ဈေးလည်း တော်တော်သက်သာသွားသလို..။ Quality ကလည်း Top Class ပါပဲ....။

အိုကေ ကျွန်တော်တို့ ဆက်သွားရအောင်..။ အောက်မှာဆက်ရေးမှာကတော့ Canon ပဲ ဖြစ်ဖြစ် Nikon ပဲ ဖြစ်ဖြစ် အတူတူနည်းပါးပဲမို့ မလိုအပ်တဲ့နေရာတွေမှာ ခွဲမရေးတော့ပါဘူး..။ အောက်ပါအတိုင်း အပိုင်းလေးတွေ ခွဲပြီး ကျွန်တော်တို့ လေ့လာရအောင်...။

(1) Built Quality/Size
(2) Display
(3) Buttons
(4) Rubber
(5) Pentaprism
(6) FPS
(7) Shutter Speed
(8) ISO
(9) Memory Card
(10) Price/Conclusion

(1) Built Quality/Size

Entry Level နဲ့ Semi-Pro မှာ ပထမဆုံး သိသိသာသာကွာသွားတာ Size ပါ..။ Entry Level တွေက ပေါ့ပါးပါတယ်..။ သေးပါတယ်..။ သယ်ရတာ လွယ်ပါတယ်...။ Semi-Pro တွေက သိသိသာသာ Size ကြီးသွားပါတယ်..။ ပိုလေးပါတယ်...။ ဘာကြောင့် ကြီးသွားပါသလဲ..? ဘာကြောင့် လေးပါသလဲ..?

Entry Level တွေက Plastic နဲ့ လုပ်ထားတာပါ...။ တိတိကျကျပြောရရင်တော့ Engineering Plastic လို့ သူတို့က ခေါ်ပါတယ်..။ အထူးစီမံ ပြုလုပ်ထားတဲ့ Plastic လို့ပြောပါတယ်..။ တော်ရုံတန်ရုံ Plastic ထက် ပိုပြီး အကြမ်းခံတယ်လို့ဆိုပါတယ်...။

Semi-Pro Body တွေကတော့ Magnesium Alloy သတုနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်..။ Solid ဖြစ်ပါတယ်..။ Weather Sealed, Dust Resistance သိသိသာသာကြီး Entry Level ထက် သာပါတယ်...။ ဒီ့အတွက် ပိုပြီး သိသိသာသာ အကြမ်းခံပါတယ်...။

တော်ရုံတန်ရုံ မိုးဖွားလောက်ကတော့ ဘာမှ ပူစရာမလိုပါဘူး..။ ကျွန်တော် ဘာလို့ အာမခံရဲလဲဆိုတော့ ..။ ကျွန်တော် မိုးရွာနေတဲ့ အချိန်တွေမှာ Sports ရော..။ Outdoor ရော ..။ ကျွန်တော် ခဏခဏ ရိုက်ဖူးပါတယ်..။ ဘာမှ မဖြစ်ပါဘူး..။ ဝုန်းဒိုင်းကျဲ ရွာချနေတဲ့ နေရာဆိုရင်လည်း ရပါတယ်...။ အိမ်ထဲကရိုက်ပါ..။ ဘာမှ မဖြစ်ပါဘူး..။ :D

အဲ့ဒီ့လို Magnesium Alloy Body ဖြစ်ချင်းက အလေးချိန်ကို သိသိသာသာကြီး ကွာခြားသွားစေ သလို...။ ဈေးနှုန်းကိုလည်း သိသိသာသာကြီး ကွာခြားသွားစေပါတယ်...။ Semi-Pro ဖြစ်တာခြင်း အတူတူ 60D ကို ကျွန်တော် မကြိုက်ရခြင်းရဲ့ အဓိက အကြောင်းအရင်းထဲမှာ ဒီအချက်က အဓိက ပါပါတယ်...။

အဲ့ဒီ့မှာ နောက်ဆုံး ကျွန်တော်တို့စဉ်းစားရမှာက "ငါ ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် ရိုက်မှာလဲ...။" ဆိုတာပဲ ဖြစ်ပါတယ်...။

အားလပ်ရက်...။ ရုံးပိတ်ရက်လေးတွေမှာ ...။ ဝါသနာ အလျှောက်ရိုက်ချင်တယ်..။ ပုံလေး က ကောင်းတယ်ဆိုရင်..။ ပြိုင်ပွဲလေး ဘာလေး ဝင်ချင်ဝင်မယ်...။ အိမ်မှာ အလှချိတ်ချင် ချိတ်မယ်...။ ဒီလောက်ပဲဆိုရင်တော့ ဘာမှ စဉ်းစားမနေပါနဲ့...။ ဈေးသက်သာပြီး Quality ကောင်းတဲ့ Canon 550D လိုမျိုး Nikon D3200 လို ဟာမျိုးကိုသာ ဝယ်လိုက်ပါ...။

အများကြီးသက်သာသွားတဲ့ (ကွာသွားတဲ့ ) Body ဈေးအတွက်..။ Lens ကောင်းကောင်းတွေ အများကြီး ရနိုင်သလို..။ အခြားလိုအပ်တဲ့ Gear တွေလည်း ထပ်ဝယ်ပြီး အားဖြည့်နိုင်ပါတယ်...။

နောက်တစ်ခုက Size ပါ...။ Entry နဲ့ Semi Pro မှာ သိသိသာသာကွာခြားသွားတဲ့ နောက်တစ်ခုက Display Panel ပါ...။ Entry Level Body တွေရဲ့ အပေါ်ဘက်မှာ Display Panel မပါ ပါဘူး..။ Nikon, Canon, Sony အားလုံးအတူတူပါပဲ..။ မပါပါဘူး..။

မပါတော့ ဘာဖြစ်လဲ...? ဖြစ်ပါတယ်..။ ကျွန်တော်ပြောသလို အပျော်သဘောလောက် ရိုက်မယ့်သူတွေ...။ Fancy ကိုင်ချင်တဲ့သူတွေ အတွက်တော့ မပါတော့ မျက်စိရှုပ်သက်သာပါတယ်..။

ဒါပေမယ့် တကယ် Serious ဖြစ်တဲ့ Enthusiast သမားတွေအတွက်ကတော့ တကယ့် ဆုံးရှုံးနစ်နာ မှုပါပဲ...။ ဘာလို့လဲဆိုတော့ Setting တစ်ခါလုပ်ဖို့အရေး Camera ရဲ့ အနောက်က Preview Display ကို ပြန်ပြန်ကြည့်နေရတာ..။ အဲ့ဒီ့မှာသွားပြီး Setting ချိန်နေရတာဟာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး...။ တကယ် နင်လားငါလား..။ အချိန်နဲ့ အမျှ နှစ်ခါပြန်မရနိုင်တဲ့ ပုံမျိုးကို ရိုက်နေရတဲ့အချိန်မှာတော့ အဲ့ဒီ့ Display Panel ပါတာနဲ့ မပါတာနဲ့ က အပြတ်အသတ် ကွာသွားပါတယ်...။

ကျွန်တော်ကတော့ ကြည့်စရာမလိုဘူး လက်တမ်းရိုက်နိုင်တယ် ဆိုရင်တော့ Entry Level လေးသာ ဝယ်လိုက်ပါ..။ အဆင်ပြေပါတယ်..။ ကျွန်တော့်အတွက်ကတော့ အဲ့ဒီ့ Display Panel မပါရင် တော်တော်လေး အခက်တွေ့စေပါတယ်...။

ဒါ့ကြောင့် အဲ့ဒီ့ Display Panel လေး ပါခြင်း မပါခြင်းက Camera Body ရဲ့ Size ကိုလည်း သိသိသာသာကွာခြားသွားစေပါတယ်..။

(2) Display

Camera အနောက်မှာပါတဲ့ Preview Display (Preview Screen) ကလည်း တော်တော်လေး အရေးပါပါတယ်...။ ဥပမာ မိတ်ဆွေက ပုံလေး တစ်ပုံရိုက်လိုက်တယ်..။ ပုံကကောင်းတယ်ဗျာ..။ သေချာ တယ်...။ တကယ့်ပုံကောင်းတစ်ခုရလိုက်တယ်...။ ဒါပေမယ့် မိတ်ဆွေ ကိုင်ထားတဲ့ Camera ရဲ့ Screen Display က ညံ့နေတယ်ဗျာ...။ အဲ့ဒီ့မှာ ကိုယ်ရိုက်ထားတဲ့ပုံကို ပြန်ကြည့်တော့.. ဖွာတာတာ မွဲခြောက် ခြောက်နဲ့..။ သွားပါပြီ..။ မိတ်ဆွေ အဲ့ဒီ့မှာ ဂယောင်ခြောက်ခြားဖြစ်သွားပါပြီ...။

ဟ ဘာဖြစ်တာလဲ..။ ပုံပဲမကောင်းတာလား..။ Lens မှာ ဖုန်ကပ်နေတာလား..။ မှိုများစွဲပြီလား... ? ဘာလို့လဲဆိုတော့ View Finder ထဲမှာ မြင်လိုက်ရတဲ့ ပုံရဲ့ Sharpness, Clearness နဲ့ အခု မိတ်ဆွေ Screen မှာ မြင်လိုက်ရတဲ့ဟာက တစ်ခြားစီ ဖြစ်သွားပါပြီ...။ View Finder မှာကြည့်တုန်းက ..။ ကျွန်တော်အရင်က ရှင်းပြခဲ့သလို..။ DSLR တွေက TTL (Through The Lens) ဖြစ်တဲ့အတွက် အရှိအတိုင်း ကြည်ကြည်လင်လင်မြင်ရတယ်..။ အခု Screen မှာ ပြန်ကြည့်တော့မှ ဇဝေဇဝါတွေ ဖြစ် ရပါပြီ...။

အဲ့လိုတွေ မဖြစ်ဖို့အတွက် Screen Resolution ကောင်းတဲ့ Body ကို ပိုင်ဆိုင်ထားဖို့လိုပါ တယ်...။ နောက် ပိုင်း မှာ အဲ့ဒီ့အတွက် ပူစရာမလိုပါဘူး..။ Canon ရော Nikon မှာပါ...။ Entry Level တွေရဲ့ Screen Display ကို တစ်ခါထက် တစ်ခါ Update လုပ်ပြီး ထုတ်လာတဲ့အတွက်..။ ဒီနေရာမှာတော့ Entry သမားတွေ သက်ပြင်းချနိုင်ပါတယ်...။ အမှန်အတိုင်းဆို အခုနောက်ပိုင်းထွက်တဲ့ Entry Level တွေရဲ့ Resolution က ကျွန်တော့် 7D ထက်တောင် သိသိသာသာ သာပါတယ်...။

Display မှာ နောက်ထပ် အရေးပါတာတစ်ခုက Flip လုပ်လို့ရတာ (လှည့်လို့ရတာ) ပဲ ဖြစ်ပါတယ်..။ ဓာတ်ပုံသမားတော်တော်များများ ကတော့ View Finder က ရိုက်ရတဲ့ အရာသာကို အကြိုက်ကြဆုံးနဲ့ အရိုက်အများဆုံးပါ...။ ဒါဆို Flip Screen မလိုဘူးပေါ့..?

အဲ့လိုလဲ မဟုတ်ပြန်ပါဘူး..။ တစ်ခါတစ်လေ Low Angle, High Angle တွေ ရိုက်ချင်တဲ့နေရာမျိုးမှာ Flip လုပ်လို့ရတဲ့ Screen Display က အားသာပါတယ်...။

အထူးသဖြင့် DSLR Videographer သမားတွေအတွက် Flip လုပ်လို့ရတဲ့ Display ဟာ ..။ မရှိမဖြစ်နီးပါး အရေးကြီးပါတယ်..။

Screen Display အကြောင်းက ဒီလောက်ဆို လုံလောက်မယ်ထင်ပါတယ်...။

(3) Buttons

ကျွန်တော့်ဆရာ ဆရာဖေမြင့်ဦး တစ်ခါပြောဖူးပါတယ်...။ Camera ကောင်းဆိုတာ တကယ်လူအသုံး များတဲ့..။ အရေးကြီးတဲ့ ခလုပ်တွေကို Software ရဲ့ Menu ထဲမှာ ဖွက်မထားပေးပဲ Body အပြင်ဘက်မှာတင် ခလုပ်နှိပ်ပြီးသုံးနိုင်အောင် လုပ်ပေးထားတဲ့ Camera ပဲ ဗျ...။ လို့ ကျွန်တော့် ကိုပြောဖူးပါတယ်...။

ဒါကြောင့်..။ မိတ်ဆွေ သတိထားပြီး ကြည့်ကြည့်ပါ...။ Nikon နဲ့ Canon တို့က ထုတ်တဲ့ 1 Digit Series Cameras တွေဟာ ကျွန်တော်တို့ သာမန် DSLR တွေထက် ပက်ပက်စက်စက် ခလုတ်တွေ မှိုလိုပေါက်အောင် များနေခြင်း ဖြစ်ပါတယ်...။

Range Finder ထဲမှာဆိုရင်လည်း Leica တို့ Fujifilm X100 စသဖြင့် ကြည့်ကြည့်ပါ..။ တကယ် အရေးကြီးပြီး လိုအပ်တဲ့ Shutter Speed, Aperture, ISO စတာတွေကို Software တွေနဲ့ မြှုပ်ထားတာမျိုး မဟုတ်ပဲ..။ တိုက်ရိုက်အသုံးပြုနိုင်တဲ့ ခလုတ်တွေ အဖြစ် အသုံးပြုထားတာကိုတွေ့နိုင်ပါတယ်...။ ဒါကို ကြည့်ခြင်းဖြင့် ခလုတ်တွေရဲ့ အရေးပါမှုကို သိသိသာသာကြီး သိရှိနိုင်ပါတယ်...။

ရိုးရိုးလေးပြောရရင် Semi-Pro တွေမှာ Entry Level တွေထက် သိသိသာသာ ခလုပ်တွေပိုများပါတယ်..။ ဘာလို့ ပိုများလဲ..။ တကယ်လိုအပ်တဲ့ ခလုပ်တွေကို အပြင်ကို ထုတ်ပေးလိုက်တဲ့အတွက် ပိုများသွားပါတယ်..။ အဲ့လို ထုတ်နိုင်ဖို့အတွက် Technology Advanced ပိုဖြစ်ရပါတယ်..။ ဒါဟာ ဘာကြောင့် Semi Pro Body တွေမှာ ခလုပ်တွေ ပိုများသလဲဆိုတဲ့ ပဟေဌိရဲ့ အဖြေပါပဲ...။

မိတ်ဆွေစဉ်းစားရမှာက ငါ အဲ့ဒီ့ ခလုပ်တွေ တကယ်လိုသလား..? လိုရင် Semi Pro ဝယ်ပါ...။ မလိုဘူးဆိုရင် Entry ဝယ်ပါ..။ ဒါပေမယ့် တစ်ခုရှိတာက တကယ်လိုလား မလိုဘူးလားဆိုတာ ရိုက်ကြည့်မှ သိမှာပါ...။ ဒီအတိုင်းရိုက်တာတောင် မဟုတ်ပဲ..။ ရိုက်သက် နဲနဲလေး ရလာမှ လိုမလို သိပါလိမ့်မယ်...။ အဲ့ဒီ့အတွက် အကောင်းဆုံး အကြံပေးလိုက်ပါမယ်..။

ကိုယ်တိုင် Camera မဝယ်ခင်...။ မိတ်ဆွေတို့ရဲ့ အပေါင်းအသင်းရောင်းရင်းများထဲမှ Camera ရှိသူများထံချဉ်းကပ်ပြီး..။ သူတို့ Camera တွေကို အားမနာတမ်း ပက်ပက်စက်စက်ရိုက်ပြီး စမ်းကြည့်ပါ...။ နည်းမျိုးစုံရိုက်ကြည့်ပါ..။ ယှဉ်ရိုက်ကြည့်ပါ...။ တစ်လ နှစ်လလောက် စိတ်တိုင်းကြ စမ်းကြည့်ပြီးသွားပြီဆို ..။ မိတ်ဆွေ အနေနဲ့ ..။ ငါ ဘယ် Camera နဲ့ ဆိုအဆင်ပြေမယ်..။ ဘယ် ခလုပ်က ငါ့အတွက် မပါ မဖြစ် အရေးကြီးတယ် ..။ စသဖြင့် သိသွားပါလိမ့်မယ်..။ အဲ့ဒီ့အခါကြမှ ဝယ်ပါ...။ လုံးဝ Wrong Choice မဖြစ်စေရပါဘူး..။ အာမခံပါတယ်...။

နောက်တစ်ခုက ဆိုင်မှာ စမ်းကြည့်ပါ..။ ဝယ်တော့မယ်ဆိုရင် ဆိုင်မှာ ၂ လုံး ၃ လုံးထုတ်ခိုင်းပြီး... ယှဉ်ရိုက်ကြည့်ပါ..။ ကိုင်ကြည့်...။ ဆကြည့်ပါ...။ ချိန်ကြည့်ပါ...။ ခလုပ်တွေကို မျက်လုံးက မကြည့်ပဲ...။ View Finder ကို ချိန်လျက်သားနဲ့ ကစားကြည့်ပါ..။ အဲ့ဒီ့မှာ ဘယ်ဟာက အဆင်ပြေတယ်...။ ဘယ်ဟာက အဆင်မပြေဘူးဆိုတာ မိတ်ဆွေ သတိထားမိပါလိမ့်မယ်..။

အဲ့လို စမ်းခွင့်ရဖို့အတွက် Reputation ကောင်းတဲ့ Dealer ဆိုင်တစ်ဆိုင်ကိုတော့ ရှာထားဖို့လိုပါတယ်..။ တစ်ချို့ ဆိုင်ရှင်တွေ သိပ် အပေါက်ဆိုးပါတယ်..။ ဒါလေး ဘယ်လောက်လဲပဲ မေးရသေးတယ်..။ အဲ့ဒါ ဈေးကြီးတယ်ဆိုတာကနေ စဖြေပါတယ်..။ နားရင်းချည်း အုပ်ပစ်ဖို့ကောင်းပါတယ်..။ အဲ့လိုဆိုင်တွေတော့ ရှောင်ကြပါ...။

Note - ကျွန်တော့် Camera တော့ လာမငှားကြနဲ့ပေါ့ဗျာ..။ ကျွန်တော်က မပေးချင်လို့ မဟုတ်ပါဘူး...။ Camera ပေးလိုက်ရင် Tutorial တွေ ဆက်မရေးပေးနိုင်တော့မှာစိုးလို့ပါ..။ :D

(4) Cover Built

Body Built က အရေးကြီးသလို..။ Body မှာသုံးထားတဲ့ ရော်ဘာ ကာဗာတွေရဲ့ quality ကလည်း အရေးကြီးပါတယ်..။ Entry Level တွေရဲ့ Cover တွေရဲ့ Built Quality ဟာ သာမန်လောက် ပဲရှိပါတယ်..။ တကယ်တမ်း Seriously ရိုက်တာ ကြာလာတဲ့အခါကြရင်..။ ချွေးစား တာတွေ..။ ရေဆို လိုက် ခြောက်လိုက်ဒဏ်ကို မခံနိုင်လို့ ကွာလာတာတွေ ရှိပါတယ်...။

Semi Pro Body တွေရဲ့ ကာဗာတွေကတော့ အဲ့လိုချွေးစားတဲ့ ဒဏ်..။ ကွာကျလာတဲ့ ဒဏ်တွေကနေ ခံနိုင်အောင် သေသေချာချာ ပြုလုပ်ထားပါတယ်...။ ရာဘာသားလဲ ပိုပြီး သိသိသာသာထူပါ တယ်...။ နောက်ပြီး Entry Level Camera တွေလို Hand Grip နေရာလောက်မှာသာ မကပဲ...။ Camera ရဲ့ အနောက်ဘက် အပိုင်းတွေမှာပါ Rubber Cover တွေ ပါပါတယ်...။

Cover Built က Camera ရဲ့ Weather Sealed, Dust Resistance ဖြစ်ဖို့အတွက် အရေးပါပါတယ်...။

ဒီတော့ မိတ်ဆွေစဉ်းစားပါ.. ကိုယ်ဘယ်လို ပါတ်ဝန်းကျင် အနေအထားမျိုးမှာရိုက်မလဲ...။ ဒီ Cover Built က ကိုယ့်အတွက် လိုအပ်လား မလိုအပ်ဖူးလား..။ လိုအပ်ရင် Semi Pro Body ဝယ်ပါ..။ မလိုအပ်ရင် Entry Level ပဲ ဝယ်ပါ..။ ဈေးက နှစ်လုံး တစ်လုံးစာ နည်းပါးရှိပါတယ်...။ စိတ်ကူးမမှားပါစေနဲ့...။

(5) Pentaprism

Camera တစ်လုံးရဲ့ ဖွဲ့စည်း တည်ဆောက်ပုံမှာ အဓိက အကျဆုံးအစိတ်အပိုင်း တစ်ခု ဖြစ်ပြီး..။ တော်တော် များများ သတိမထားဆုံး..။ လျစ်လျှူရှုတာအခံရဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါ တယ်...။

Camera တစ်လုံးဝယ်ရင် Sensor Size ဘယ်လောက်ရှိသလဲ ဆိုတာထက် Mega Pixel ဘယ်လောက် များများပါသလဲဆိုတဲ့ ရွေးချယ်မှုမျိုးလိုပါပဲ...။

Camera တွေ Lens တွေအကြောင်းသာ ဖတ်ကြ လေ့လာနေကြပါတယ်..။ ကိုယ့် Camera ထဲမှာရှိတဲ့ Pentaprism က ဖန်တုံးအစစ်လား...။ Pentamirror (Pentanprism Like Mirror) လားဆိုတာ မသိတဲ့သူတွေ အများကြီးရှိပါတယ်..။

Entry Level တွေအားလုံး Pentamirror ပဲ သုံးပါတယ်..။ မှန်တွေကို ငါးမြှောင့်ဖန်တုံး ပုံပေါက်အောင် ဒေါင့်တွေချိုးပြီး Lens က ပုံရိပ်ကို View Finder မှာ ပြပေးပါတယ်...။ သူတို့မှာ တကယ့် ဖန်အစစ်နဲ့ လုပ်ထားတဲ့ Pentaprism ကိုသုံးမထားတဲ့အတွက် View Finder ကနေ မြင်ရတဲ့ ပုံရိပ်ဟာ Semi Pro တွေမှာ မြင်ရသလို Coverage Area လည်း မများနိုင်သလို.. ကြည်လင်မှုလဲ မရှိပါဘူး...။

အဆိုးဆုံးက နေပူထဲမှာထားမိတာမျိုး ဖြစ်ရင်..။ Pentamirror တွေဟာ (Plastic နဲ့ လုပ်ထားတာဖြစ် တဲ့အတွက်) ပျက်စီးတတ်ပါတယ်..။ တော်တော်များများ ဖြစ်တတ်ကြတဲ့ ပြသနာတစ်ခုပါ...။

Semi Pro တွေမှာတော့ Glass အစစ် Petaprism ဖန်တုန်းကို သုံးထားတဲ့အတွက် View Finder Coverage Area လည်းပိုပြီး များများ မြင်ရသလို...။ ကြည်ကြည်လင်လင်လဲ မြင်ရပါတယ်...။

ဒီနေရာမှာ Pentaprism အစစ်ကိုသုံးခြင်းကလည်း Semi Pro Body တွေရဲ့ Weight ကို သိသိ သာသာကြီး ပိုလေးသွားစေတယ်ဆိုတာ ကို သတိပြုစေချင်ပါတယ်...။

(6) FPS (Frame Per Second)

ဒီကောင်ကတော့ အများကြီးရေးပြစရာမလို..။ အရမ်းသိသာတဲ့အတွက်..။ သိပ်ပြီးတော့လဲ ထွေထွေ ထူးထူးရှင်းပြစရာမလိုပါဘူး..။ Semi Pro တွေရဲ့ FPS က သိသိသာသာ သာပါတယ်...။ Nikon ရော Canon ရော ဒီသဘောတရားက အတူတူပါပဲ..။

မိတ်ဆွေအတွက် FPS က အရေးကြီးတယ်ဆိုရင်တော့ Semi Pro Body ပေါ့ဗျာ..။ အရေးမကြီး ဘူး..။ အေးအေးဆေးဆေးပဲ အချိန်ယူပြီး ရိုက်တဲ့ Photography ပဲ ရိုက်မယ်ဆိုရင်တော့ FPS ကို ထည့်စဉ်းစားစရာ မလိုပါဘူး...။

(7) Shutter Speed

Semi Pro Body တွေမှာ 1/8000s အထိ ရိုက်လို့ရပြီး Entry Level တွေမှာ 1/4000s အထိပဲ ရိုက်လို့ရပါတယ်...။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ကိုယ်တိုင်တောင် 1/3000s ထက် ကျော်ပြီး တစ်ခါမှ မရိုက်ကြည့် ဖူးပါဘူး..။ 1/4000s ဆိုတာ တော်တော်လုံလောက်နေပါပြီ...။

မိတ်ဆွေရိုက်မှာက Rocket တွေ ဒုံးကြည်တွေဆိုရင်တော့ တစ်မျိုးပေါ့..။ အဲ့ဒီ့အတွက် အဖြေကရှင်း ပါတယ်..။ Entry Level က 1/4000s ဆိုတာ More Than Enough ပါ...။ ဒီ နေရာမှာ တကယ်မသုံးပဲ Fancy ကျအောင်..။ Technology Advanced ဖြစ်ကြောင်း ပြထားတဲ့ Semi-Pro ကို မေ့လိုက်ပါ..။

ဒီအချက်နဲ့ ပါတ်သတ်လို့ကတော့ ကျွန်တော်က Entry Level ကိုပဲရွေးပါတယ်...။

Note- ကျွန်တော့်အတွေ့အကြုံအရ..။ ကျွန်တော် မြှောက်ပစ်တာကို ရိုက်ဖူးပါတယ်...။ 1/1000s တောင် မသုံးလိုက်ရပါဘူးဗျာ..။ 1/8000s ဆိုတဲ့ ဟာကြီးကို လွတ်လွတ်လပ်လပ် ခေါင်းထဲက ထုတ်လိုက်လို့ရပါတယ်..။

(8) ISO

Semi Pro တွေက ISO 12800 ဘာညာအထိ ရိုက်လို့ရတယ်လို့အော်ကြပါတယ်..။ Entry Level တွေက 6400 ပဲ ရတယ်.. ဘာညာဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် နှိမ်ချင်ကြတယ်..။ မခံချင်အောင် ပြောချင်ကြပါတယ်..။

အပိုတွေပါ...။ ဘယ် APS-C Camera သမားမှ ISO 1600 ထက် ကျော်ပြီး ရိုက်ဖို့မစဉ်းစားပါဘူး..။ 3200 ရိုက်လို့မရဘူးလား.... ဆိုတော့..။ ရပါတယ်..။ ပုံထွက်ပါတယ်..။ ဒါပေမယ့် သုံးစားလို့မရပါဘူး...။

အဲ့ဒီ့အတွက် သချာင်္ဂဏန်းတွေရဲ့ လှည့်စားတာကို မခံရပါစေနဲ့...။ ဒီ့အတွက် ဒီနေရာမှာလည်း ကျွန်တော် Entry Level ကိုပဲ ရွေးပါတယ်..။ APS-C တော်တော်များများရဲ့ နောက်ဆုံးလက်ခံနိုင်တဲ့ Limit ဟာ ISO 1600 ပါပဲ...။ ဒီ့အတွက် Entry Level က ကောင်းကောင်း နိုင်ပါတယ်...။

Semi Pro ကို ဒီနေရာမှာ ထပ်မေ့ထားနိုင်ပါတယ်...။

(9) Memory Card

Entry Level တွေမှာ SD Card ကို သုံးကြပြီးတော့..။ Semi Pro တွေမှာ CF ကို သုံးကြပါတယ်..။ CF နဲ့ SD ယှဉ်ကြည့်တာနဲ့ သိသာနေပါပြီ...။ CF မှာ ပါတဲ့ Pin အရေအတွက်နဲ့ SD မှာ ပါတဲ့ Pin အရေအတွက် တော်တော်ကွာပါတယ်..။

Pin ကွာတဲ့အတွက်..။ Transfer Rate ကွာပါတယ်..။ Transfer Rate ကွာတဲ့အတွက်..။ Speed ကွာပါတယ်..။ Speed ကွာတဲ့ အတွက် တကယ်တမ်း High Speed Burst (FPS များများ) ရိုက်တဲ့အချိန်မှာ စကားပြောလာပါပြီ...။

Buffering စောင့်ရတာတွေ... Jam ဖြစ်တာတွေက SD Card တွေမှာ အဓိက ပြသနာတစ်ခုဖြစ်သွားပါပြီ..။ CF Card တွေကတော့ ဒီပြသနာကို အေးအေးဆေးဆေး ကျော်လွှားသွားပါတယ်..။ ဒါပေမယ့် HD Movie ရိုက်တဲ့သူများနဲ့ Full Time Sports ရိုက်တဲ့သူများ အတွက် CF Card ကိုမှ Transfer Rate မြန်တဲ့ Card ကို ရွေးချယ်ဖို့ ထပ်ပြီး လိုအပ်မှာ ဖြစ်ပါတယ်..။

ဥပမာ HD Movie ကို ဈေးပေါပေါ Transfer Rate မနိုင်တဲ့ CF Card နဲ့ရိုက်ရင် Memory Card ပါ ပျက်သွားနိုင်ပါတယ်...။

မှန်ပါတယ်..။ CF Card နဲ့ SD Card ဈေးတအားကွာပါတယ်...။ ဟုတ်ကဲ့... ။ Quality လည်း တော်တော် ကွာပါတယ်..။ အခုနောက်ပိုင်းမှာတော့ SD Card မှာ မှ SDHC တို့ SDXC တို့ဆိုပြီးတော့ High Speed ဖြစ်တဲ့ Card တွေ ထပ်ပြီးထွက်လာတာတွေ့ရပါတယ်..။

ဒီလိုထပ်ပြီးထွက်လာခြင်းက စောစောက ကျွန်တော်ပြောသလို HD Moive သမားတွေ...။ Full Time Sports, Journalist, Wild Life သမားတွေအတွက် ဖြစ်ပါတယ်...။

ဒီအတွက်တော့ ဒီနေရာမှာ သရေလို့ သတ်မှတ်လည်းရသလို...။ CF ကသာတယ်လို့ ပြောရင်လည်း ရပါတယ်..။ အငြင်းမပွားလိုပါ...။

Note- SD Card သုံးခြင်းက 60D ကို ကျွန်တော် မကြိုက်တဲ့ ဒုတိယအချက် ဖြစ်ပါတယ်..။

(10) Price/Conclusion

ကျွန်တော် ထိပ်ဆုံးမှာပြောခဲ့သလို..။ အခု နောက်ဆုံးမှာလဲ ထပ်ပြောပါရစေ..။ ဈေးသက်သက်သာသာနဲ့ အဆင့်အတန်းမှီတဲ့ DSLR လိုချင်တယ်ဆိုရင် Canon မှာ 550D နဲ့ Nikon D3200 ဝယ်လိုက်ပါ...။

Built Quality ကောင်းကောင်းနဲ့ ရေရှည် သုံးမယ်..။ Seriously သုံးမယ်ဆိုရင်တော့ 7D သို့မဟုတ် D90 ဝယ်လိုက်ပါ (တစ်ခုတော့ရှိပါတယ် D90 က Magnesium Alloy မဖြစ်ပါဘူး..။ D7000 ကတော့ ဖြစ်ပါ တယ်)

အဲ့ဒါဟာ အခု ကျွန်တော်ရေးခဲ့တဲ့ သောင်းနဲ့ ချီတဲ့ စကားလုံးတွေရဲ့ လုံးဝအနှစ်ချုပ်ပဲ ဖြစ်ပါတယ်...။

Entry Level နဲ့ Semi Pro အဓိက ကွာတာ Built Quality, Size, Weight, Buttons နဲ့ နောက်ဆုံး Price ပဲဖြစ်ပါတယ်...။ Semi Pro တွေမှာ Entry Level တွေ ဘယ်လိုမှ ယှဉ်လို့မရနိုင်တဲ့ (ဥပမာ Pentaprism, Built Quality) တွေ ရှိသလို...။ တစ်ချို့သော Semi Pro တွေရဲ့ Fancy ကျတဲ့ မလိုအပ်တဲ့ သချာင်္ဂဏန်း (ဥပမာ ISO 12800, 8 fps) တွေကလည်း မိတ်ဆွေရဲ့ အိတ်ကပ်ထဲက နဖူးကချွေး ချေ မကျအောင် ရှာထားတဲ့ Budget လေးတွေကို မလိုအပ်ပဲ ကုန်ခမ်းသွားစေပါတယ်...။

ကျွန်တော့်အတွေ့ အကြုံအရ ကျွန်တော်လည်း ဒီလောက်ပဲရှင်းနိုင်ပါတယ်..။ တော်တော်လေး လည်း ပြည့်စုံမယ်ထင်ပါတယ်...။ မရှင်းတာတွေ ထပ်သိချင်တွေရှိရင် ကျွန်တော်တို့ Comment တွေ မှာဆက်ပြီးဆွေးနွေးကြတာပေါ့...။

ရိုက်ရင်းလေ့လာပါ..။ လေ့လာရင်းရိုက်ပါ..။ အားမငယ်ပါနဲ့ ..။ စိတ်ဓာတ်မကျပါနဲ့..။ ဘာကင်မရာလဲ ဆိုတာထက်..။ ကင်မရာနောက်ကလူက ဘာလဲဆိုတာက ပိုအရေးကြီးပါတယ်...။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S- Dedicated To Sayar Pe Myint Oo
7D ရဲ့ Magnesium Alloy Body တည်ဆောက်ထားပုံပါ..။

Pentaprism အစစ်ရဲ့ ပုံပါ...

Pentaprism ဘယ်လိုအလုပ်လုပ်လဲ ဆိုတာ ပြထားတာပါ..။


Camera တစ်လုံးရဲ့ Structure ပါ...




TTL (Through The Lens), Mirror, Pentaprism နဲ့ Sensor တို့ရဲ့ အလုပ်လုပ်ပုံပါ...



ဒီပုံကလည်း TTL ကနေ View Finder ကို ဘယ်လို Image ရောက်တယ်ဆိုတာကို ပြထားတာပါ..။ Shutter Release ကို နှိပ်လိုက်တဲ့အချိန်မှာ.. ပုံမြှာ ပထားတဲ့ Mirror က Up ဖြစ်သွားပြီး..။ စောစောက View Finder ကိုသွားနေတဲ့ ပုံရိပ်က View Finder ကို မသွားတော့ပဲ..။ Pentaprism က တစ်ဆင့် Sensor ပေါ် လမ်းကြောင်းပြောင်းပြီးရောက်သွားပါတယ်..။ အဲ့ဒီ့မှာ ကျွန်တော်တို့ရိုက်တဲ့ပုံတွေကို Sensor က ဖမ်းယူ သိမ်းဆည်းပေးပါတယ်...။

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...