ဝက်နံရိုးကြော်

ဝက်နံရိုးကြော် နည်းလေးများ ကြီးကြီး ကျယ် ကျယ် ရေးနေ တယ်လို့ မထင်ပါနဲ့ရှင်။ ညီမလေး တစ်ယောက်က ရေးပေးပါ ဆိုလို့ ရေးပေးတာပါ ……
အသားကြော်ရင် ဆီ များများထဲ အိုးမကြပ်အောင် ထည့်ကြော်ပြီး၊ အသုံးပြုတဲ့ ဆီကလည်း အသစ်ကို သုံးရင် အသားကြော်ရဲ့ အရောင်ကို လှစေရုံမက ပိုပြီးလည်း စားလို့ ကောင်းစေပါ တယ်။ ကြော်ရ မယ့် အသားများလို့ နောက်တစ်အိုး ခွဲကြော်ရရင် လည်း ပထမအိုး ကြော်ပြီးတာနဲ့ ဆီအိုးထဲကျန်ခဲ့ သည့် အဖတ်များကို တတ်နိုင်သမျှ ဆယ်ထုတ်ပြီးမှ ကြော်စေချင်ပါ တယ်။

***... ဝက်နံရိုးကြော် အတွက် လိုအပ်တာလေးတွေ…

1. ဝက်နံရိုး – ၁ ကီလိုခွဲခန့်
2. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
3. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. ဆီ

ကြိုက်နှစ်သက်သလို လှီးထားသော ဝက်နံရိုးများကို အရသာမှုန့်၊ ဆားတို့ဖြင့် နယ်ပြီး အရသာဝင်အောင် တစ်နာရီခန့် နှပ်ထားပါ။

ပြီးလျှင် high heat ဖြင့် အပူပေးထားသော ဆီပူအများကြီးထဲ ထည့်ပြီးကြော်ကာ အသားတစ်ဖက် ကျက်လျှင် နောက်တစ်ဖက်ကို လှန်ပြီး ဆက်ကြော်ပေးပါ။ (ဆီပူမှ အသားကိုထည့်ပေးပါ။)

အသားနှစ်ဖက်လုံး ကျက်လျှင် (ပုံပါအတိုင်း အရောင်ရလျှင်) ဆီစစ်ကာ ဆယ်ထုတ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


 Chaw Su's Food Friends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...