ငြိမ်းချမ်းရေးနိုဘယ်လ်ဆု Malala နှင့် Kailash တို့ ရရှိ

Kailash နှင့် Malala 
၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ပါကစ္စတန်နိုင်ငံက ခလေး ပညာရေး လှုပ်ရှားသူ Malala Yousafzai နဲ့ အိန္ဒိယ ကလေး အခွင့်အရေး လှုပ်ရှားသူ Kailash Satyarthi တို့က ရရှိသွား ကြပါတယ်။

Malala ဟာ နိုဘယ်လ်ဆု ရချိန်မှာ အသက် ၁၇ နှစ်ပဲ ရှိသေးတာကြောင့် ကမ္ဘာ့ အသက်အငယ်ဆုံး နိုဘယ်လ် ဆုရှင်ဖြစ်လာပါတယ်။

Malala ဟာ အမျိုးသမီးပညာရေးအတွက် တက်တက် ကြွကြွ လှုပ်ရှားရင်း ၂၀၁၂ ခုနှစ်က တာလီဘန် အကြမ်းဖက်တွေက သတ်ဖြတ်ဖို့ ကြိုးစားခဲ့ ပါသေးတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ပြီး ဒဏ်ရာပြန်ကောင်းခဲ့တာပါ။

နိုဘယ်လ်ကော်မတီက အခုနှစ်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ကလေးသူငယ်အခွင့်အရေးအတွက် ရှေ့တန်းက တက်တက်ကြွကြွ ဆောင်ရွက်သူတွေကို ချီးမြှင့်ပေးအပ်တာလို့ ပြောဆိုပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နောက်တဦးဖြစ်တဲ့ Kailash Satyarthi ဟာလည်း အိန္ဒိယနိုင်ငံမှာ ကလေး သူငယ်တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့သူ တဦးဖြစ်ပါတယ်။

အခုနှစ်ငြိမ်းချမ်းရေးနိုဘယ်လ်အတွက် အဆိုတင်သွင်းခံရသူ ၂၇၈ ဦးရှိခဲ့ပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့ ကွန်ဂိုနိုင်ငံက သားဖွားမီးယပ်ဆရာ Denis Mukwege တို့လည်း ပါဝင်ခဲ့ပါတယ်။


DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...