ဝိုင်ဖိုင်အခမဲ့ သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံ တိုးချဲ့မည်

ရွှေတိဂုံ စေတီတော် ရင်ပြင်၌ ၀ိုင်ဖိုင် အင်တာနက် အသုံးပြုနေ သူ တစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက် ၀န်ဆောင် မှုပေး လျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင် သည့် နေရာ သုံးခုကို တိုးချဲ့ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ဒီနှစ်မကုန်ခင်မှာ Wifi အခမဲ့ အသုံးပြုလို့ရတဲ့ နေရာ သုံးခု လောက်ထပ်ပြီး တိုးချဲ့သွားဖို့ ရှိပါတယ်။ တချို့နေရာတွေ က ခွင့်ပြု ချက်ရအောင် စောင့်နေရတဲ့ အတွက် နည်းနည်းလေး ကြန့်ကြာနေတာ ဖြစ်ပါတယ်’’ဟု Red Link ၏ အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် လက်ရှိတွင် ရန်ကုန်၌ Wifi အခမဲ့အသုံး ပြုနိုင်သော နေရာခြောက်ခုနှင့် ပုဂံတွင် အခမဲ့အသုံးပြုနိုင်သော နေရာလေးခုတို့ကို ပြုလုပ်ပေးထားပြီး အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်မည့် နေရာသုံးခုတွင် ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘Wifi အခမဲ့ပေးတဲ့အခါမှာ Email စစ်တာနဲ့ ၀က်ဘ်ဆိုက်တွေကြည့်တာကို ကောင်းကောင်းလုပ်နိုင်အောင် စီစဉ်ပေးထားမှာပါ။ ဒါပေမဲ့အများသုံးတာဖြစ်တဲ့အတွက် နာရီဝက်လောက် သုံးပြီးရင်တော့ Log Out ဖြစ် သွားမှာပါ။ ထပ်ပြီးသုံးချင်ရင်တော့ နိုင်ငံတကာမှာ Free Wifi သုံးတဲ့အတိုင်း အသစ်ပြန်ဝင်သုံးရမယ်’’ဟု ဦးမျိုးမြင့်ညွန့်က ပြောသည်။

Red Link အနေဖြင့် Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာများထပ်မံတိုးချဲ့ရာတွင် တက္ကသိုလ်အချို့နှင့် ဈေး များတွင်လည်း တပ်ဆင်ပေးသွားရန် စီစဉ်နေပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိစေရန်အတွက် ညှိနှိုင်းမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...