လည်ချောင်းနာပျောက်ကင်းစေမည့် နည်းလမ်း

လည်ချောင်း နာခြင်းမှာ အအေးမိခြင်း၏ ပထမဆုံး လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ လည်ချောင်း နာခြင်း ကို နေအိမ်၌ပင် ကုသနိုင်သည့် အကောင်းဆုံး နည်းလမ်း အချို့နှင့် အလွယ်တကူ ၀ယ်ယူရရှိနိုင် သည့် ဆေးဝါးများ ရှိကြောင်း ဒေါက်တာ ဂျက်ဖရီလင်ဒါ က ပြောသည်။

လည်ချောင်း နာခြင်းကို အထိရောက်ဆုံး ကုသနိုင် သည့် ဆေးဝါးများအနက် တစ်မျိုးမှာ သင့်ထံတွင် ရှိနှင့်ပြီး ဖြစ်နိုင်ပါသည်။ အလွယ်တကူ ၀ယ်ယူရ ရှိနိုင်ပြီး ရောင်ရမ်းမှုကို တိုက်ဖျက်ပေးသော Advil (သို့မဟုတ်) Aleve ကဲ့သို့ ဆေးဝါးများမှာ နာကျင်မှုကို သက်သာစေမည့် ရောင်ရမ်းမှုကို တိုက်ဖျက်ပေးမည့် ဆေးဝါးဖြစ်သည်။

ဆားပါသော ရေနွေးဖြင့် တစ်နေ့လျှင် အကြိမ်များစွာ ပလုတ်ကျင်းပေးခြင်းက လည်ပင်းရောင်ရမ်း မှုကို လျှော့ချပေးနိုင်ပြီး ကြွက်သားများကို ပြေလျော့စေကာ ဘက်တီးရီးယားများ (သို့မဟုတ်) ယားယံခြင်း တို့ကို ပျောက်ကင်းစေကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။

ချောင်းဆိုးပျောက်ဆေး အရည်များ သောက်ပေးခြင်း၊ ငုံဆေးများ ငုံပေးခြင်းဖြင့် တံတွေး ထုတ်လုပ်မှု အားကောင်းစေပြီး လည်ပင်းကို စိုစွတ်နေစေရန် ကူညီပေးနိုင်သည်။ သို့သော် ပရုတ်(သို့မဟုတ်) ယူကလစ် အဆီမျိုး ပါဝင်သော ငုံဆေးများက ပို၍ အစွမ်းထက်ကြောင်း သိရသည်။

ချောင်းမဆိုးသေးလျှင်ပင် အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ချောင်းဆိုးပျောက်ဆေး အရည်များ သောက်ခြင်းဖြင့် လည်ချောင်းနာခြင်းကို သက်သာစေမည် ဖြစ်သည်။ ချောင်းဆိုးပျောက်ဆေး အရည်များ နှင့် ဖျန်းဆေးများက လည်ချောင်းနာခြင်းကို ယာယီသက်သာစေနိုင်သည်။

နေမကောင်းဖြစ်နေချိန်တွင် အထူးသဖြင့် ရေဓာတ်ပြည့်နေစေရန် အလွန်အရေးကြီးသည်။ ဆီးသွားလျှင် အ၀ါဖျော့ရောင် (သို့မဟုတ်) အရောင်ကြည်လင်နေသည် အထိဖြစ်အောင် လုံလောက်သော အရည် များ သောက်သုံးပေးရန် လိုအပ်သည်။

ဆေးဖက်ဝင်ရေနွေးကြမ်း တစ်ခွက်သောက်ခြင်းကလည်း လည်ချောင်း နာခြင်းကို ချက်ချင်း သက်သာစေနိုင် သည်။ ဆေးဖက်ဝင် ရေနွေးကြမ်း မဟုတ်သော အနက်ရောင်၊ အစိမ်းရောင် (သို့မဟုတ်) အဖြူရောင် လက်ဖက်ရွက်များဖြင့် စီမံထားသော ရေနွေးကြမ်းသောက်ခြင်းဖြင့် လည်း ဓာတ်တိုးဆန့်ကျင် ပစ္စည်း များကြောင့်ကိုယ်ခံအားကို အားကောင်းစေပြီး ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်သည်။

ကြက်စွပ်ပြုတ်သောက်ခြင်းကလည်း လည်ချောင်းနာခြင်းကို သက်သာစေနိုင်သည်။ လည်ချောင်းရောင် ရမ်းနေချိန်၊ နာနေချိန်တွင် အစာမျိုချရ ခက်ခဲနိုင်သဖြင့် ကြက်စွပ်ပြုတ်သောက်ခြင်းဖြင့် အာဟာရပြည့်စေ မည် ဖြစ်သည်။

နေမကောင်းဖြစ်နေစဉ် အနားယူပေးရန်လည်း လိုအပ်သည်။ အကယ်၍ လည်ပင်းထဲတွင် ဘက်တီးရီးယား များ ရှိခြင်းကြောင့် လည်ပင်း နာကျင်ပါက ဆရာဝန်က ပဋိဇီဝဆေးများ ညွှန်ကြားပေးပါလိမ့်မည်။ တစ် ရက်၊ နှစ်ရက်အတွင်း ရောဂါသက်သာသွားသည်ဆိုလျှင်ပင် ဆေးပတ်လည်အောင် သောက်သုံးရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ညွှန်ကြားထားသည်။

-Health.com
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...