နေ့စဉ် မိသားစုနှင့်အတူ စားသောက်ပါက အ၀လွန်မှု ကာကွယ်နိုင်
မိသားစု စုံစုံညီညီ စားသောက် ခြင်းသည် အ၀လွန်မှုကို ကာကွယ်နိုင် ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။
သုတေသနတွင် လူ ၂၂၈၇ ဦး ကို ဆယ်နှစ်ကြာ လေ့ လာခဲ့ပြီး အစား အစာ၊ ကိုယ်လက် လှုပ်ရှားမှု၊ ကိုယ် အလေးချိန် ထိန်းသိမ်းမှု အစရှိသည့် အချက်အလက် များကို အဓိကထား စစ်ဆေးခဲ့သည်။ မိသားစုနှင့် စုံစုံညီ ညီစားသောက်သည့် အကြိမ်ရေ၊ ခန္မာကိုယ်ထုထည် အညွှန်းကိန်း စသည်တို့ကိုလည်း စစ်ဆေးခဲ့သည်။
““နေအိမ်ပတ်ဝန်းကျင် အချက် အလက်တွေဖြစ်တဲ့ မိသားစုထမင်း ၀ိုင်းအကြိမ်ရေကို ထည့်သွင်းစဉ်းစား တာဟာ လူငယ်ဘ၀ကနေ လူကြီး ဘ၀ကို အကူးအပြောင်းအချိန်မှာ အ၀လွန်ပြဿနာမဖြစ်စေဖို့ ကာ ကွယ်နိုင်ခြင်း ရှိမရှိ အဖြေထုတ်နိုင်မှာ ဖြစ်ပါတယ်”” ဟု Dr. Jerica M. Berge ကဆိုသည်။
သုတေသနတွင်ပါဝင်သူ (၅၁) ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန်မြင့် တက်နေပြီး (၂၂)ရာခိုင်နှုန်းမှာ အ၀ လွန်ရောဂါဖြစ်ပေါ်နေသည်ကို တွေ့ ရသည်။ မိသားစုစုံစုံညီညီ စားသောက် ခြင်းမရှိဟု ဖြေဆိုသူများ၏ (၆၀)ရာ ခိုင်နှုန်းမှာ ကိုယ်အလေးချိန်မြင့်တက် နေပြီး (၂၉)ရာခိုင်နှုန်းမှာ ဆယ်နှစ် ကြာ စောင့်ကြည့်လေ့ လာမှု အတွင်း ကိုယ်အလေးချိန် မြင့်တက်လာသည်ကို တွေ့ရသည်။
မိသားစုနှင့် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်မှ နှစ်ကြိမ်ခန့် အတူတကွ စားသုံးသူများသည်ပင် လျှင် မိသားစုနှင့် လုံးဝအတူမစား သောက်သူများနှင့် ယှဉ်လေ့လာကြည့် ပါက ဆယ်နှစ်တာကာလအတွင်း အ၀လွန်ပြဿနာများ ခံစားရနိုင်ချေ အလွန်နည်းပါးသည်ကို တွေ့ရသည်။
လူငယ်လူရွယ်များအနေနှင့် မိသားစုနှင့်အတူတကွ စားသောက် ပါက ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ပိုမိုစားသုံးရ ခြင်း၊ စားသုံးမှုမလွန်ကဲစေရန် မိသား စုဝင်များက သတိပေးနိုင်ခြင်း တို့ ကြောင့် အ၀လွန်ပြဿနာဖြစ်ပွားမှု နည်းပါးရခြင်းဖြစ်နိုင်ကြောင်း သု တေသီများက ဆိုသည်။
သီဟ
Ref:MDI
Health Updates Journal, Vol(139)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) စွမ်းအားဖြည့် အချိုရည်များကြောင့် အားကစား သမားများ အိပ်မပျော်ခြင်းနှင့် တုန်လှုပ် ချောက်ချားခြင်း တို့ဖြစ်ပေါ်နိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဂျူးမြစ်နှင့် ကျန်းမာရေး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'