စွမ်းအားဖြည့် အချိုရည်များကြောင့် အားကစား သမားများ အိပ်မပျော်ခြင်းနှင့် တုန်လှုပ် ချောက်ချားခြင်း တို့ဖြစ်ပေါ်နိုင်

အားကစား သမားများ၌ စွမ်း အားဖြည့် အချိုရည် များကြောင့် ကောင်းကျိုး၊ ဆိုးကျိုးဖြစ်ပေါ်မှု ကို လေ့လာ သည့် သုတေသန တစ်ခုအရ အားဖြည့် အချိုရည်များ သည် အိပ်မပျော်သည့် အကြိမ်ရေ များပြားလာ စေခြင်း၊ တုန်လှုပ် ချောက်ချားခြင်း၊ အားကစားပြိုင်ပွဲ ပြီးသည့် နောက်ပိုင်း တွင်လည်း နိုးကြားမှု လွန်ကဲနေခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေ ကြောင်း သိရသည်။

အားဖြည့် အချိုရည်များတွင် အားကစား စွမ်းဆောင်ရည်ကို (၃)ရာ ခိုင်နှုန်းမှ (၇)ရာခိုင်နှုန်းသို့ တိုးမြှင့်စေ သည့် ကောင်းကျိုးကိုလည်း လေ့လာ တွေ့ရှိရသည်။

အားကစားသမားများ၏ (၅၀) ရာခိုင်နှုန်းနှင့် အထက်မှာ အားကစား ပွဲမစမီဖြစ်စေ၊ လေ့ကျင့်ခန်းဆင်းနေ စဉ်ဖြစ်စေ အားဖြည့်အချိုရည်များ သောက်သုံးလေ့ရှိကြသည်။ Camilo Jose Cela University မှ သုတေ သနအဖွဲ့၏ လေးနှစ်ကြာလေ့လာမှု တွင် ထိပ်တန်းဘောလုံးသမားများ၊ တောင်တက် သမားများ၊ ရေကူး သမား များ၊ ဘတ်စကက်ဘော ကစားသမား များ၊ ရဂ်ဘီ၊ ဘောလီဘော၊ တင်းနစ် နှင့် ဟော်ကီ ကစား သမားများကို အားကစားပွဲမစတင်မီ အားဖြည့် အချိုရည်သုံးဘူးဖြစ်စေ၊ အာနိသင်မဲ့ အချိုရည်သုံးဘူးဖြစ်စေ တိုက်ကျွေး ၍ လေ့လာခဲ့သည်။ ထို့နောက် အား ကစားပွဲတွင်း စွမ်းဆောင်ရည်ကို စက်များ အသုံးပြု ၍ ရွေ့လျားသည့် အကွာအဝေး၊ အမြန်နှုန်းစသည် တို့ကို တိုင်းတာခဲ့သည်။

အားဖြည့် အချိုရည်သောက် ထားသူ အားကစားသမားများသည် အာနိသင်မဲ့အချိုရည် သောက်ထား သူများထက် ခွန်အားပိုမိုပြည့်ဝခြင်း၊ အကြမ်းခံနိုင်ခြင်း စသည်တို့ကို တွေ့ ရှိရသော်လည်း အိပ် မပျော်ခြင်း၊ ချောက်ချားခြင်း၊ နိုးကြားမှုလွန်ကဲ ခြင်းတို့ကိုလည်း ခံစားရသည်ကို တွေ့ရသည်။

အားဖြည့် အချိုရည်များတွင် ကာဗိုဟိုက်ဒရိတ်၊ ကဖင်း၊ တော်ရင်း နှင့် ဗိုက်တာမင်ဘီများ အဓိကပါဝင် ပြီး အထင်ကရ အချိုရည်အမှတ် တံဆိပ်အချင်းချင်း ကွာခြားမှုကြီး ကြီးမားမားမရှိပေ။


ဇော်ကို
Ref:MDI
Health Updates Journal, Vol(139)
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...