လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖန်တီးပေးကာ မိုးရေ မစိုအောင် ကာကွယ်ပေးနိုင်မည့် ထီး
Kickstarter ဝက်ဘ်ဆိုက်တွင် မိုးရေ ကာကွယ်ပေး မည့် ထီးပုံစံတစ်မျိုးကို Air Umbrella ကုမ္ပဏီက ထုတ်လုပ်ရန် ရံပုံငွေ စုဆောင်းနေလျက် ရှိကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် ၎င်းထုတ်ကုန် ကိုလည်း Air Umbrella ဟုခေါ်ဆိုပြီး ဒီဇိုင်းမှာ သာမန်ထီးကဲ့သို့ မဟုတ်ဘဲ ထီး၏ ထိပ်ဖက်တွင် လေဖိအားရပ်ဝန်း တစ်ခုဖန်တီးရန် ပြုလုပ်ပေးထားသည်။
ထိုကဲ့သို့ တီထွင်မှုမျိုးမှာ အသစ်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်က ကိုရီးယားဒီဇိုင်နာ တစ်ဦးက ၎င်းကဲ့သို့ ထီးမျိုး ကို ဖန်တီးခဲ့သော်လည်း ဈေးကွက်သို့ မရောက်လာ ခဲ့ပေ။ Kickstrter တွင်ဖော်ပြထားသော Air Umbrella ထုတ်ကုန်ကို တရုတ်နိုင်ငံ နန်ကျင်းမြို့ရှိ ဒီဇိုင်းနာများက ဖန်တီးခဲ့သည်။ ကုမ္ပဏီအနေဖြင့် Air Umbrella ထုတ်ကုန်ကို ထုတ်လုပ်ရန် Kickstrart တွင်လှုံဆော်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ လှုံဆော်မှုများ ပြုလုပ်မည့် ၁၁ ရက်အတွင်း ဒေါ်လာ ၁၀,၀၀၀ ရရှိရန် ရည်မှန်ထားသော် လည်း ယခုအခါ ဒေါ်လာ ၄,၀၀၀ သာရရှိထား သေးသည်။
အကယ်၍ ၎င်းစီမံကိန်းအနေဖြင့် ရံပုံငွေများ ရရှိလာပါ အသုံးတည့်၍ ကောင်းမွန်သော ထုတ်ကုန်တစ်ခု ဖြစ်လာ ဖွယ်ရှိသည်။ ကုမ္ပဏီအနေဖြင့် Air Umbrella အားဗားရှင်း သုံးမျိုးဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဗားရှင်း A မှာအမျိုးသမီးများ အသုံးပြုနိုင်ရန်အတွက် ၃၀ စင်တီမီတာ(တစ်ပေ) အရှည်ရှိ ထုတ်ကုန်တစ်ခု အဖြစ် ထုတ်လုပ်သွားမည် ဖြစ်သည်။ နောက်ထပ် ထုတ်လုပ်မည့် ဗားရှင်း B အဖြစ် ထုတ်လုပ်ရာတွင်မူ ၅၀ စင်တီမီတာ(၂၀ လက်မ ) အရွယ်နှင့် ဗားရှင်း C ၏ အရွယ်မှာ ၅၀မှ ၈၀စင်တီမီတာ( ၃၁ လက်မ) အရှည်ခန့် ရှိလာမည် ဖြစ်သည်။
အဆိုပါ ထီးများတွင် အသုံးပြုထားသော ဘက်ထရီများသည် အထင်ကြီးလောက်စရာ မရှိသေးကြောင်း သိရသည်။ Air Umbrella ဗားရှင်း A ကို ၁၅မိနစ်သာ အသုံးပြုနိုင်ကာ အခြားဗားရှင်း B နှင့် C များကိုမူ မိနစ် ၃၀ သာ အသုံးပြုနိုင်သည်။ ၎င်းထီးများကို ဝယ်ယူလိုသူများအနေဖြင့် ဗားရှင်း A ကို ကန်ဒေါ်လာ ၈၈ ဒေါ်လာ၊ ဗားရှင်း B ကို ကန်ဒေါ်လာ ၉၈ ဒေါ်လာနှင့် ဗားရှင်း C ကို ကန်ဒေါ်လာ ၁၀၈ ဒေါ်လာ ဖြင့်ဝယ်ယူနိုင်သည်။ သို့သော်လည်း Kickstarter တွင် Air Umbrella ကို ဝယ်ယူနိုင်သည့် ဈေးနှုန်းကို ဖော်ပြရာတွင် ရှုပ်ထွေးမှု ရှိပြီး ကန်ဒေါ်လာ ၁၂၈ မှ ၁၄၈ ဒေါ်လာအတွင်း ဝယ်ယူနိုင်သည်။ ကုမ္ပဏီအနေဖြင့် Air Umbrella ထုတ်ကုန်ကို ဒီဇင်ဘာ ၂၅ ရက်နေ့ တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ref;Internet Journal
-----------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+