ကင်ဆာရောဂါအချို့ ကို အထူးထိရောက်စွာ တိုက်ဖျက်ပေးနိုင်သည့် ဘယ်ရီသီးကို သြစတြေးလျတွင် တွေ့ ရှိ

သြစတြေးလျနိုင်ငံ၊ ကွင်းစလန်း ဒေသတွင် ကင်ဆာ ရောဂါ အချို့ ကို အထူးထိရောက်စွာ တိုက်ဖျက်နိုင်သည့် ဘယ်ရီသီး တစ်မျိုးကို သဘာဝအတိုင်း ပေါက်နေသည် ကို သိပ္ပံပညာရှင်များက လွန်ခဲ့သော (၈) နှစ်ခန့် က စတင် တွေ့ ရှိခဲ့ပြီး ယင်းဘယ်ရီသီး အာနိသင်ဖြင့် ကင်ဆာရောဂါ တိုက်ဖျက်ခြင်းကို လူသားများတွင် စတင်စမ်းသပ် ကြည့်နေပြီ ဖြစ်ကြောင်း သိရသည်။

မိုးသစ်တောများတွင် သဘာဝ အတိုင်းပေါက်နေသော Blushwood Tree အပင်မှ ဘယ်ရီသီးများကို ဒေသခံ လူမျိုးစု များက အစွမ်းထက်ဆေးဝါးအဖြစ် အသုံးပြုနေခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယင်းဘယ်ရီသီး အာနိသင်ကို ထုတ်ယူကာ ကင်ဆာတိုက်ဖျက်ရေး ဆေးဝါးအဖြစ် ဖော်စပ်ထုတ်လုပ်ပြီး ကြောင်၊ခွေး၊မြင်းတို့ ၏ ကင်ဆာ အကြိတ်များကို ကုသကြည့်ရာ အောင်မြင်မှုရရှိခဲ့ပြီးနောက် လူတို့ တွင်လည်း မျက်နှာနှင့်လည်ပင်းတို့ တွင် ဖြစ်တတ်သော ကင်ဆာအကြိတ်များ၊ အရေပြားကင်ဆာများကို ယင်းဘယ်ရီသီး အာနိသင်ဆေးဝါးဖြင့် စမ်းသပ် ကုသကြည့်နေပြီဖြစ်ကြောင်း သိရသည်။

ဒီဘယ်ရီသီးရဲ့ အစေ့ထဲမှာ ထူးခြားတဲ့အာနိသင်ရှိပါတယ်။ ဒီအာနိသင်ဖွဲ့ စည်းပုံဟာ အလွန်ရှုပ်ထွေးလှပါတယ်။ ဒီဘယ်ရီသီးမှာ ဘာကြောင့်ဒီအာနိသင်မျိုးရှိနေတယ်ဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ဒါပေမယ့် ဒီအာနိသင်က ကင်ဆာအကြိတ်ဆဲလ်တွေကို တိုက်ရိုက်သတ်နိုင်ပြီး ကင်ဆာအကြိတ်ထဲ သွေးစီးဆင်းမှုကိုလည်း ဖြတ်တောက် ပေးနိုင်သလို အဲဒီအကြိတ်ဆဲလ်အသေတွေကို ခန္ဓာကိုယ်က အလိုအလျောက်ရှင်းထုတ်ပစ်နိုင်အောင်လည်း ခုခံ ရေးစနစ်တစ်ခုလုံးကို လှုံ့ ဆော်ပေးပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။

ယင်းဘယ်ရီသီးအာနိသင်ဖြင့်ထုတ်လုပ်ထားသောဆေးမှာ EBC-46 ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိသည့်အပြင် ကင်ဆာဆဲလ်များကိုတိုက်ဖျက်ရာတွင်လည်း အလွန်မြန်ဆန်သည်။ EBC-46 ကို အကြိတ်အနီးတွင် ထိုးထည့်ပေး လိုက်လျင် ၅-မိနစ်အတွင်း ကင်ဆာဆဲလ်များကို သတ်ပစ်သည်။ ၁၅ ရက်အတွင်း ကင်ဆာအကြိတ်တစ်ခုလုံး ခြောက်သွားပြီး ခန္ဓာကိုယ်မှ ကွာထွက်သည်ကို တွေ့ ရှိခဲ့ကြသည်။

ဤဘယ်ရီသီးပေါက်သော Blushwood အပင်ကို ယခုဖော်ပြပါ ကွင်းစလန်းဒေသတွင်သာ တွေ့ ရပြီး အခြားနေရာ များတွင် ပြောင်းရွှေ့ စိုက်ပျိုးကြည့်ရာ ဖြစ်ထွန်းခြင်းမရှိခဲ့ပေ။ သို့ သော် ကွင်းစလန်းတွင် ပေါက်နှင့်ပြီး Blushwood အပင်များမှ ဘယ်ရီသီးများသည် လူသားအပေါ် စမ်းသပ်ကုသရန် အလုံအလောက်ရှိနေသည့်အတွက် စိုးရိမ်စရာ မရှိသေးသော်လည်း ဆေးအောင်မြင်၍ ကမ္ဘာတ၀န်းအတွက် ထုတ်လုပ်မည်ဆိုလျင်မူ အခက်အခဲများရှိနိုင်ကြောင်း သိရသည်။

EBC-46 ဖြင့် ခန္ဓာကိုယ်အပြင်ပိုင်းကင်ဆာများကိုသာ ကုသနိုင်မည်ဖြစ်ပြီး ခန္ဓာတွင်းကင်ဆာများအတွက်မူ အကျိုး မထူးနိုင်သေးကြောင်း သိရသည်။


သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...