ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအစားလေးများ
ဓာတုဒြပ်စင် တစ်မျိုးဖြစ်တဲ့ ပိုတက်စီယမ်(Potassium) ဟာ လူသားတို့  ကျန်းမာရေး အတွက် မရှိ မဖြစ်တဲ့ အရာတစ်ခုပါ။ ပိုတက် စီယမ်က ခန္ဓာကိုယ်ထဲရှိ ဆိုဒီယမ် ပမာဏကို လျော့ချပေး နိုင်တာကြောင့် ကြွက်သားများ တောင့်တင်းခြင်း၊ သွေးတိုးရောဂါ၊ လေ ငန်းရောဂါ၊ နှလုံးသွေးကြောပြဿ နာ နှင့် နှလုံးတုန်ခြင်းတို့ ကို လျော့ပါး သက်သာစေပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ် ယောက်အတွက် တစ်နေ့ တာ ပိုတက်စီယမ် လိုအပ်ချက်ပမာဏဟာ ၄.၇ ဂရမ် ရှိသင့်ပြီး၊ အားကစား သမားများ အတွက်ကတော့ ထို့ ထက်ပို၍ လိုအပ်ပါ တယ်။ ယနေ့ ကမ္ဘာမှာ ပိုတက်စီ ယမ်ကြွယ်ဝတဲ့ အစား အစာဟာ ဌက်ပျော်သီးလို့ သာ လူအများသိထား ကြပါတယ်။ သို့ သော် အောက်ဖော်ပြပါ အစားအစားလေးများက ဌက်ပျောသီးထက် ပိုမိုတဲ့ ပိုတက်စီယမ် ပမာဏကို ပေးစွမ်းနိုင် ကြပါတယ်။
(ဟင်းနုနယ်ရွက်)
အပူပေးချက်ပြုတ်ကြော်ထားတဲ့ ဟင်းနုနယ် တစ်ပန်းကန်စာထဲမှာ ပိုတက်စီယမ် ၈၃၉ မီလီဂရမ် ပါရှိနေပါ တယ်။ ဟင်းနုနယ်ရွက်က ကြွက်သားများ ကြွက်တက်ခြင်းကိုလျော့ပါးသက်သာစေတာကြောင့် အားကစားသမားတွေ အတွက် ထိပ်တန်းအစားအစာလို့ ဆိုနိင်ပါတယ်။ ဒါ့ပြင် ၄င်းအစိ မ်းရောင့်ရောင် အရွက်ဖားဖားတွေထဲမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ အပြည့်အ၀ ပါရှိနေ တာကြောင့်လည်း အမျိုးသမီးများ မမျိုးဥအိမ် နှင့် အမျိုးသားများ ဆီးကျိတ်ကို ကျန်းမာစေကာ ကင်ဆာရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဖော်ပြပါ ဝေဒနာခံစားနေရသူတွေ အဖို့  ဟင်းနုနယ် ရွက်ကို အပူပေးကြော်ချက်ပြုတ်၍ တစ်နေ့  ၂-ကြိမ်ကျဖြင့် နေ့ စဉ်စားသုံးသင့်ပါတယ်။
(အဖြူရောင်ပဲစေ့များ)
ပဲအားလုံးတိုင်းဟာ ပိုတက်စီယမ်ကြွယ်ဝကြပါတယ်။ သို့ သော် ပဲလွန်းဖြူတို့ လို အဖြူရောင် ပဲစေ့တွေထဲ မှာ ပိုတက်စီယမ်ပါဝင်မှု ပိုများပါတယ်။ အပူပေး၍ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အဖြူရောင် ပဲစေ့ ၁-ခွက်စာပမာဏထဲမှာ ပိုတက်စီ ယမ် ၁၀၀၄ မီလီဂရမ် ပါရှိနေပါတယ်။ ဒါ့ပြင် ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့်လည်း ပရိုတင်းဖြည့်စွက် စာအဖြစ် စားသောက်နိုင် ပါတယ်။ ထိုပဲတွေကို ဘယ်လောက်စားစား သွေးထဲရှိ သကြားပမာဏကို (လုံးဝ) မတက်စေပါဘူး။ ဒါ့ပြင် နှလုံးရောဂါဖြ စ်နိုင်ချေကို လျော့ချပေးနိုင်တာကြောင့် ပိုတက်စီယမ် လိုအပ်နေသူ များ အတွက် နေ့ စဉ်သုံး အစားအစာအဖြစ် စားပေးသင့်ပါတယ်။
(ထောပတ်သီး)
ဗီတာမင်များသာမက၊ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာကိုပြပါဆိုလျှင် ထောပတ်သီးကိုသာ ရွေးချယ်ရမှာပါ။ အရွယ်တူညီ ထောပတ်သီးတစ်လုံးနှင့် ဌက်ပျောသီးတစ်လုံးတို့ ကို နှိုင်း ယှဉ်ကြည့်တဲ့အခါ၊ ထောပတ်သီးထဲမှာ ပိုတက်စီယမ်ပါ ၀င်မှု ၂-ဆမျှ ပိုနေပါတယ်။ ထောပတ်သီး တစ်နေ့ တစ်လုံးမှန်မှန် စားသုံးသူတွေမှာ ခံတွင်း ကင်ဆာ နှင့် လေငန်းရောဂါတွေ ဖြစ် ခြင်းမှ ကာ ကွယ်ရာရောက်တယ်လို့  ကျန်းမာရေး သုတေသီတွေက အကြံပြု ထားပါတယ်။ လတ်ဆတ်၍ မှည့်နေတဲ့ အရွယ်ကြီး ကြီး ထောပတ်သီးတစ်လုံးထဲမှာ ပိုတက်စီယမ် ၉၇၅ မီလီ ဂရမ်ခန့်  နှင့် ကယ်လိုရီ ၃၂၂ ခန့် ပါရှိနေကြပါတယ်။
(ခရမ်းချဉ်သီး)
ခရမ်းချဉ်သီးများဟာ ပိုတက်စီယမ်ရရှိနိုင်တဲ့ အရင်းအမြစ်ဆိုတာကို သင်အံ့သြမသွားလိုက်ပါနဲ့ ။ ဒါတင်မကသေး ပါဘူး။ ခရမ်းချဉ်သီးထဲမှာ ဗီတာမင်အေ၊ ဗီတာမင်စီ နှင့် လိုင်စိုပင်န်ဓာတ်တွေပါ ရှိနေတာကြောင့် ထိုဓာတ်များက ခန္ဓာကိုယ်အတွက် ဓာတ်တိုးဓာတ်ဆန့် ကျင်ပစ္စည်းများအဖြစ် အစွမ်းထက်မြက်စေပါတယ်။ အပူပေး၍ ချက်ပြုတ် ပြင်ဆင်ထားတဲ့ ခရမ်းချဉ် သီး ၁-ခွက်စာထဲမှာ ပိုတက်စီယမ် ၉၀၉ မီလီဂရမ် နှင့် ကယ်လိုရီ ၇၈ တို့ ပါရှိကြပါ တယ်။
(အာလူး)
အာလူးဟာ ဟင်းကို အပွားခပ်ပေးနိုင်တာကြောင့် စားအိုးကြီးသော မိသားစုမှ အိမ်ရှင်မများအတွက် မရှိမဖြစ် အဖော်မွန် ကောင်းဖြစ်သလို၊ ခွန်အားပြည့်ဝစေတာကြောင့်လည်း အရွယ်သုံးပါး မရွေး အတွက် အထူးသင့်တော် လို့ နေပါတယ်။ အကယ်၍ အာလူးကြီးကြီးတစ်လုံးကို မီးကင် (ဖုတ်) စားပါက ပိုတက်စီယမ် ၉၂၅ မီလီဂရမ် ရရှိစေမှာဖြစ်သလို၊ ကန်စွန်းဥ ကြီးကြီးတစ်လုံးကို မီးကင်စားပါက ပိုတက်စီယမ် ၆၉၄ မီလီဂရမ် ရှိရနိုင်ပါတယ်။ ဒါ့ပြင် ကယ်လိုရီပြည့်ဝတဲ့ အာလူးထဲမှာ အမျှင်ဓာတ်တွေအလုံအ လောက် ပါရှိနေပါတယ်။ ကိုလက်စထရောကျ ချင်သူများကလည်း အာလူးကို အားကိုးထိုက်ပါတယ်။
(ဌက်ပျောသီး)
ပိုတက်စီယမ် ကြွယ်ဝတဲ့အစားအစာ စာရင်းထဲမှာဌက်ပျောသီးကို ချန်ထားလို့ မရပါဘူး။ ဗိုက်ဆာ လာတဲ့အခါ ဇာတ်လိုက်ကျော် ဌက်ပျောသီးလေးတွေကို နေရာမရွေး အချိန်အခါမရွေး အခွံနွှာစား ရုံမျှဖြင့် အဆာပြေရင်အေးစေ ပါတယ်။ ဒါ့ ပြင် ဌက်ပျောသီးက နှလုံး နှင့် ဆံပင်(ဆံသား)ကျန်းမာရေးတို့ အတွက် အဖော်မွန်ကောင်းပါဘဲ။ ကျန်းမာလိုသူများအဖို့  “ ည ဌက်ပျော ” ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ညအိပ်ယာဝင်ခါနီးတိုင်း ဌက်ပျောသီးမှည့် တစ်လုံးကို မမေ့မလျော့ စားဖြစ်အောင်စားပေးပါ။
(နွားနို့ )
၈ အောင်စ ပမာဏရှိတဲ့ နွားနို့ အကျက် ၁-ဖန်ခွက်ထဲမှာ ပိုတက်စီယမ် ၃၂၂ မီလီဂရမ် နှင့် ကယ်လိုရီ ၁၀၀ နီးပါး ခန့်  ပါ ရှိနေကြပါတယ်။ ဒါ့ပြင် နွားနို့ ဟာ ဗီတာမင် နှင့် ကယ်လ်စီယမ် တို့ ရရှိရာ အရင်းအမြစ်ဖြစ်တာကြောင့် လည်း အရွယ် ၃-ပါး မရွေး သောက်သုံးသင့်တဲ့ “ အာဟာရ ရေဖြူ ” လို့ တင်စားခေါ်ဝေါ်ထိုက်ပါတယ်။
(ဒိန်ချဉ်)
နို့ ကလုပ်တဲ့ ဒိန်ချဉ်ဖြစ်လို့  နို့ လိုဘဲ ပိုတက်စီယမ်ကြွယ်ဝတယ်ဆိုတာ ယုံမှား သံသယဖြစ်ဖွယ်မရှိပါ။ သို့ သော် ဒိန်ချဉ်နဲ့ နို့ ကို နိုင်းယှဉ်ကြည့်တဲ့အခါမှာ ဒိန်ချဉ်ထဲမှာ ပိုတက်စီယမ်ပါဝင်မှု ပိုနေတယ်ဆိုရင် သင်အံ့သြ သွားလေ မလား။ လေ့လာစမ်းစစ် ချက်များအရ၊ ဒိန်ချဉ်တစ်ခွက်ထဲမှာ ပိုတက်စီယမ် ၆၂၅ မီလီဂရမ် နှင့် ကယ်လိုရီ ၁၃၇ ပါရှိနေကြောင်း၊ အဆီမပါတဲ့ ဒိန်ချဉ် တစ်ခွက်ထဲမှာ ပိုတက်စီယမ် ၅၇၉ မီလီဂရမ် ပါရှိကြောင်း၊ ဒိန်ချဉ်က အစာ ကျေညက် လွယ်စေ တာကြောင့် ထမင်းစားပြီးတဲ့အခါ ဒိန် ချဉ်သောက်သင့်ကြောင်း၊ အဆီပါတဲ့ဒိန်ချဉ်က အရိုးပါး၊ အရိုးပျော့ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှတ်သားရ ပါတယ်။
(လိမ္မော်ရည်)
ဖန်ခွက် တစ်ခွက်စာပမာဏရှိတဲ့ လတ်လတ်ဆတ်ဆတ် လိမ္မော်သီးဖျော်ရည်ထဲမှာ ပိုတက်စီယမ် ၄၉၅ မီလီဂရမ် နှင့် ကယ်လိုရီ ၁၁၂ ပါရှိနေပါတယ်။ ဒါ့ပြင် လိမ္မော်သီးထဲရှိ ဗီတာမင်စီဓာတ်က အသားအရေကို လွန်စွာကောင်း ကျိုးပြုတာ ကြောင့် လိမ္မော်သီးကို အစာလည်းဆေး ဆေးလည်းအစာအဖြစ် စားသုံးပေးသင့်ပါတယ်။
(စပျစ်သီးခြောက်)
လက်တစ်ဆုပ်စာ ပမာဏရှိတဲ့ စပျစ်သီးခြောက်ထဲမှာ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တဲ့ ပိုတက်စီ ယမ် ၅၄၄ မီ လီဂရမ်၊ ကယ်လိုရီ ၁၄၉ နှင့် ဗီတာမင်ကေ ၂၅၀ မီလီဂရမ်တို့ ပါရှိနေကြပါတယ်။ ဒါ့ပြင် အမျှင်ဓာတ် နှင့် ဓာတ်တိုး ဆန့် ကျင် ပစ္စည်းများ ပါရှိနေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာမဖြစ်အောင် ကူညီပေးနိုင်တဲ့ ထိုစပျစ်သီးခြောက်လေးတွေ ကို ထမင်းစားပြီးတိုင်း အချိုပွဲအဖြစ် စားသုံးနိုင်ပါတယ်။ (သကြားလုံးဝမပါလေ ကျန်းမာရေးအတွက် ကောင်းလေပါဘဲ)
(ဆယ်လ်မွန်ငါး)
ပိုတက်စီယမ် အားနည်းနေ သူများအတွက် ဆယ်လ်မွန်ငါးတွေကို အားကိုးထိုက်ပါတယ်။ ၁၃ေ အာင်စ အလေး ချိန်ရှိတဲ့ ဆယ်လ်မွန်ငါးထဲမှာ ပိုတက်စီယမ် ၅၃၄ မီလီဂရမ် နှင့် ကယ်လိုရီ ၁၅၅ ပါရှိနေပါတယ်။ သို့ သော် ထိုငါး ကို ဆီပူကြော် ခြင်း(သို့ မဟုတ်)မီးကင်ခြင်း ပြုတဲ့အခါမှာတော့ ၄င်းအာဟာရအာနိသင်တွေကို အပြည့်အ၀ မရနိုင်တော့ပါဘူး။ ဒါကြောင့် အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ အတွက် ဆယ်လ်မွန်ငါးကို ချက်ပြုတ်၍သာ စားသောက်ပေးပါ။
(အဖြူရောင် မှိုပွင့်လေးများ)
လူတစ်ယောက်ရဲ့  တနေ့ တာ လိုအပ်လျက်ရှိသော ပိုတက်စီယမ်သတ္တုဓာတ်၏ ၂၈ ရာခိုင်နှုန်းကို အဖြူရောင် မှိုဟင်း တစ်ပန်းကန်စာမှ ရရှိနိုင်ပါတယ်။ ဒါ့ပြင် မှိုဟင်းတစ်ပန်းကန်စာပမာဏထဲမှာ ကယ်လိုရီ ၂၈ ပါရှိနေပါ တယ်။ အာဟာရဓာတ်မပျောက်စေဖို့ အတွက် ၄င်းမှိုပွင့်ကို ခပ်ပျော့ပျော့ကြော်ချက်၍ စားပေးသင့်ပါတယ်။
(ဂုံးကောင်)
၁၀၀ ဂရမ်အလေးချိန်ရှိတဲ့ ပင်လယ်စာ ဂုံးကောင်လေးတွေထဲမှ ပိုတက်စီယမ် ၆၂၈ မီလီဂရမ် နှင့် ကယ်လိုရီ ၁၄၈ ကို ရရှိနိုင်တာကြောင့် ပိုတက်စီယမ်ချို့ တဲ့နေသူများအတွက် လွန်စွာကောင်းကျိုးပြုပါတယ်။ ဒါ့ပြင် ဂုံးကောင်တွေ မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝစွာ ပါရှိတာကြောင့် နှလုံးကိုကျန်းမာစေပါတယ်။ ဗီတာမင်အေလည်း အလုံ အလောက်ပါရှိနေတာမို့  အသားအရေကို ၀င်းပစေကာ၊ အမြင်အာရုံကိုလည်း ကြည်လင်စေမှာပါ။ အလေးချိန် တူညီတဲ့ အနီရောင်အသား နှင့် နှိုင်းယှဉ်ကြည့်ပါက ဂုံးကောင်ထဲမှာပါရှိတဲ့ ပရိုတင်းခွန်အားက ပို၍များပြားနေ တာ ကို တွေ့ ရမည့်အပြင်၊ ကယ်လိုရီပါဝင်မှု လွန်စွာနည်းပါးတာ ကြောင့်လည်း သက်ရှည်ကျန်းမာစေဖို့  ဂုံးကောင် လေးတွေကို မကြာခဏဆိုသလို စားပေးသင့်ပါတယ်။
(သင်္ဘောသီး)
ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုတဲ့ သင်္ဘောသီးတွေဟာ ဆေးသိပ္ပံနည်း အရရော၊ မြန်မာ့ရိုးရာ ဆေးမြီးတို ကုထုံးများအတွက်ပါ အသုံးတည့်လှပါတယ်။ အထူးသဖြင့် ရောင်ရမ်း နာအမျိုးမျိုး နှင့် ၀မ်းချုပ်ခြင်းကို ပြေလျော့စေတာ ကြောင့်လည်း “ နံက် သင်္ဘော(နံက်စာ စားပြီးတိုင်း သင်္ဘောသီးမှည့်စားပါ)” လို့  ဆိုရိုးစကားရှိ ပါတယ်။ လတ်ဆတ်တဲ့ အရွယ်လတ်လတ် သင်္ဘောသီးမှည့် တစ်လုံးထဲမှာ ပိုတက်စီယမ် ၇၁၈ မီလီဂရမ် နှင့် ကယ်လိုရီ ၁၁၉ တို့ ရ ရှိ နိုင်မှာ ဖြစ်ပါတယ်။
(အစိမ်းရောင် ပဲဆိမ့်သီး)
Pistachios(ခေါ်) ချိုဆိမ့်ဆိမ့် အရသာရှိတဲ့ အစေ့အဆံမျိုးနွယ်ဝင် အစိမ်းရောင် ပဲဆိမ့်သီးကို လက်တစ်ဆုပ်စာ ပမာဏ စားပေးခြင်းဖြင့် ပိုတက်စီယမ် ၈ ရာခိုင်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထို ပဲဆိမ့်သီးလေးတွေမှာ ဗီတာမင် ဘီ၆ မြင့်မားစွာ ပါရှိနေတာကြောင့် ဦးနှောက်နှင့်အာရုံကြောများကို ကောင်းကျိုးပြုပေးနိုင်ပါတယ်။ ဒါ့ပြင် ဗီတာမင် အီးပါဝင်နေလို့  အသားအရေအတွက် ဆေးဖက်ဝင်ပါတယ်။ (Pistachios(ခေါ်) အစိမ်းရောင်ပဲဆိမ့်သီးတွေဟာ နိုင်ငံခြားမျိုးဖြစ်တာကြောင့် City Mart ဆိုင်များ၏ သွားရည်စာ အရောင်းကောင်တာများမှာ ဗူးလေးများဖြင့် ထုပ်ပိုးရောင်းချ လျက်ရှိပါတယ်)
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+