ဝမ်းပျက် ၀မ်းလျောခြင်းအတွက် အိမ်တွင်း ကုထုံးလေးများ
ဝမ်းလျောခြင်းဟာ မိုးတွင်းကာလ တစ်ခုတည်းမှာသာ မဟုတ်ဘဲ၊ အချိန်ကာလ မရွေး လူကြီးလူရွယ် လူငယ်မရွေး အခန့် မသင့် လျှင်ဖြစ်တတ်တဲ့ အဖြစ်များသော ဝေဒနာများထဲမှ တစ်ခု အပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် အစားအသောက် မှားခြင်းကြောင့် ဖြစ်ရပါတယ်။ အစားအသောက် မှားခြင်း ဆိုရာမှာ အမှည့်လွန်၍ အချဉ်ကဲသော အစားအသောက် အသီးအနှံများကို စားသောက်မိခြင်း၊ မသန့် ရှင်းသောရေ၊ မသန့် ရှင်းသော အစားအစာ နှင့် ယင်နားစာများတို့ ကို သောက်စားမိခြင်း တို့ ကြောင့်ပါဘဲ။ ၀မ်း လျောခြင်းမှာလည်း (၁) ကာလတိုဝမ်းလျောခြင်း နှင့် (၂) ကာလရှည် ၀မ်းလျောခြင်းဟူ၍ နှစ်မျိုးရှိပြီး၊ ကာလတိုဝမ်းလျောခြင်းက ၂-ရက်ခန့် အကြာ မှာ ရပ်တန့် သွားလို့ စိုးရိမ်ဖွယ် မရှိပါဘူး။ ကာလရှည်ဝမ်းသွားခြင်းကတော့ ၀မ်းလျှောတဲ့ အကြိမ်ရေများတာ နဲ့ အမျှ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ဆုံးရှုံးသွားတာကြောင့် အချိန်မီကုသမှုခံယူသင့်ပါတယ်။ သို့ မဟုတ်ပါက နောက်ဆက်တွဲပြဿ နာများအဖြစ် အစာ အိမ်နာခြင်း၊ အစာအဆိပ်သင့်ခြင်း၊ သွေးပေါင် ထိုးကျသွားပြီး သတိလစ်ခြင်း အတွက်ပါ စိုးရိမ်ရပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက် ကလေးငယ်များ၊ ကျောင်းနေရွယ်ကလေးများ နှင့် သက်ကြီးရွယ် အိုတွေအတွက် ကာလတို ၀မ်းလျောခြင်းကပင် စိုးရိမ်ဖွယ်ရာ အဆင့်မှာရှိနေလို့  မပေါ့ဆသင့်ပါဘူး။ ကမ္ဘာပေါ်တွင် နှစ် စဉ်ဝမ်းရောဂါဖြစ်ပွားသူ သုံးသန်းမှ ငါးသန်းအထိရှိပြီး၊ ၄င်းတို့ အနက် တစ်သိန်းကျော်ဟာ ၀မ်းရောဂါကြောင့် သေဆုံးကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ မှ ထုတ်ပြန်ကြေငြာထားပါတယ်။
အောက်ပါ အိမ်တွင်း ကုထုံးလေး များကလည်း ၀မ်းပျက်ဝမ်းလျောခြင်းကို သက်သာပျောက်ကင်းစေ နိုင်ပါတယ်။
(၁) ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့် တင်းပေးတဲ့အနေဖြင့် ရေကျက်အေး များများသောက်ပါ၊ ဆား နှင့် သကြား ကို ဆူတရော၍ သောက်ပါ (သို့ မဟုတ်) သီးစုံဓာတ်ဆားရည် သောက်ပါ၊ လ္ဘက်ရည်ကြမ်းထဲကို သကြားအနည်း ငယ် ထဲ့သောက်ပါ၊ ဂျင်းပြုတ် ရည်သောက်ပါ၊ အမည်းေ ရာင် ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ၊ အုန်းစိမ်းရည် သောက်ပါ။ (မည်သည့် အရည်မျိုးကိုဘဲ သောက်သောက် အအေးခံ၍ သောက်ပါ)
(၂) ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိတဲ့ လက်တစ်အက်ဆစ်က အစာအိမ် နှင့် အူလမ်းကြောင်း ထဲရှိ ၀မ်းသွားစေ သော ဘက်တီးရီးယားပိုးများကို သေစေနိုင်ပါတယ်။ (ဒိန်ချဉ်ထဲကို သကြား ထန်းလျက်ရည် မရောဘဲ ဖြစ်နိုင်ရင် သူ့ ချည်းစားပါ)
(၃) ၀မ်းလျောတဲ့ အကြိမ်ရေများတဲ့အခါ၊ သိသိသာသာ ပိန်ကျသွားပြီး အားအင်ကုန်ခမ်းသွား တာကြောင့် သက်သက်သာသာ အနားယူပါ။
(၄) ၀မ်းသွားခြင်းရပ်တန့် သွားသော်လည်း နောက် ၁၀-ခန့် ကြာတဲ့အထိ နို့ ထွက်ပစ္စည်းများဖြစ်ကြသော နို့ ၊ ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီ တို့ ကို မစားသောက်သင့်ပါဘူး။
(၅) အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်းသော ကစီဓာတ်ကြွယ်ဝတဲ့အစားအစာ များဖြစ်ကြတဲ့ ထမင်း၊ ဆန်ပြုတ်၊ စွပ် ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကစ်မုန့် တို့ ကို စားပေးနိုင်ပါတယ်။
(၆) အမျှင်ဓာတ်များသော အစားအစာများက အစာအိမ် နှင့် အူတွေကိုအလုပ်ရှုပ်စေနိုင် တာကြောင့် ၀မ်းလျော ပြီးနောက် ၃ ရက် ၄ ရက်ခန့် ကြာတဲ့အထိ မစားသင့်ပါဘူး။ (ကွေကာအုပ်ကလည်း အမျှင်ဓာတ်များတဲ့ အစားအစာ ထဲမှာ ပါနေလို့  ရှောင်ပါ)
(၇) chamomile(ခေါ်)အ၀ါရောင်ဝတ်ဆံနှင့် ပွင့်ချပ်ဖြူဖြူပွင့်တဲ့တောပန်းလေးတွေက ၀မ်းပျက်စေ တဲ့ပိုးမွှား အန္တရာယ်မှ ကာကွယ် ပေးနိုင်တာကြောင့် ထိုတောပန်းလေးများကို လ္ဘက်ခြောက် လိုမျိုးရေနွေးကြမ်းခပ်ကာ အအေးခံ၍ သောက်နိုင်ပါတယ်။ (*City Mart **ဆိုင်တွေမှာ *chamomile tea *အ**ထုပ်လေးတွေကို အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်**)*
(၈) ဘလူးဘယ်ရီသီးထဲမှာပါရှိတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများက အူလမ်းကြောင်းထဲရှိ ၀မ်းပျ က်ဝမ်းလျော ပိုးတွေကို သုတ် သင်ပေးနိုင်ပါတယ်။ *(**မြန်မာပြည်မှာ ဘလူးဘယ်ရီသီး မရနိုင်ေ သ်ာလဲ၊ နိုင်ငံခြားဖြစ် ဘလူးဘယ်ရီသီး နှင့် ၄င်းဖျော်ရည်ဗူးများ* *ကို **City Mart **ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင် ပါတယ်**)*
(၉) လိမ္မော်သီး အခွံလေးတွေကလည်း ၀မ်းပျက်ဝမ်းလျောခြင်းအတွက် ကောင်းကျိုးပြုနိင် တာကြောင့်၊ လိမ္မော်ခွံကို ပြုတ်၍သော် လည်းကောင်း၊ ရေနွေးဆူဆူ ခပ်၍သော်လည်းကောင်း အအေးခံ၍ သောက်သုံးသင့်ပါတယ်။
(၁၀) ကုလားဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ပဲနံ့ သာပင်အစေ့ကို ရေစိမ်၍သောက်ပါ။ (ပဲနံ့ သာပင် အစေ့ များကို အန္ဒိယ ရိုးရာ ပယဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်)
(၁၁) ဇီးသီးလုံးခန့် ပမာဏရှိသော နနွင်းမှုန့် ကို ရေနွေးကြမ်းဖြင့် ၃-ရက်ဆက်တိုက်သောက်ပါ။ လုံးဝပျောက် ကင်းနိုင်ပါတယ်။
(၁၂) လူနာက အသက် ၂၀ နှင်အထက်ဖြစ်ပါက ငရုတ်ကောင်း အလုံး ၂၀ ကိုပြာမီးအုံပါ။ ၂-မိ နစ်ခန့် အုံရင် ငရုပ်ကောင်းစေ့ ပွ လာပါလိမ့်မယ်။ အမှုန့် ကြိတ်၍၊ ရလာတဲ့အမှုန့် ကို အရ က်ဖြူ ၁-ဇွန်း နှင့်အတူ ရေအေး ၁-ဇွန်းရောစပ်ပြီး သောက်ပါ။
(၁၃) သီးသီး အမှည့်စားပါ၊ သစ်ကြားသီး စားပါ၊ ရေသဖန်းပင် အခေါက်ကို ပြုတ်သောက်ပါ၊ မကျီးသီးစိမ်း စားပါ၊ ပိန္နဲပွင့် သုပ်စားပါ၊ ပိန္နဲသီးအနု ဟင်းချက်စားပါ၊ စမုံနက်စားပါ၊ ဂွေးသီးမှည့် စားပါ၊ ကရဝေးသီးစားပါ၊ ကြေးပန်း အရွက်ကိုပြုတ်သောက်ပါ၊ ကြောင်လျှာမြစ်ပြုတ်သောက်ပါ၊ သရက်စေ့အဆန်ကို ၀ါးစားပါ၊ ကြာဖြူ ကြာညို ၀တ်ဆံများ စားပေးပါ။
(၁၄) ငါးပြက် စားပါ၊ ဂျီ(တောဂျီကောင်သား)သား စားပါ။
(၁၅) ပရန္န၀ါမြစ် သွေး၍သောက်ပါ၊ ဇာဒိဖ္ဖိုလ်သီးသွေးသောက်ပါ၊ ဆန်ဆေးရည်သောက်ပါ၊ ကရမက်သွေး၍ သောက်ပါ။
(၁၆) မြေအိုတစ်လုံးထဲမှာ ကန်စွန်းရိုးနီ ၁၁ ပင်ကို သင့်သလိုဖြတ်တောက်၍၊ အညိုရောင်ထန်း လျက် ၁၅ ကျပ် သားထဲ့ကာ ကန် စွန်းပင်တွေ ရေမြုပ်တဲ့အထိ ရေဖြည့်၍ ကန်စွန်းညွန့် များနူးအိ လတဲ့ အထိပြုတ်ပေးပါ။ ထိုပြုတ်ရည်နွေးနွေးအား ရေဆာတိုင်း သောက်ပါ။ တစ်ကြိမ်သောက် လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးစာ လောက်သောက်ပေးရပါမယ်။ ဤနည်းအတိုင်း ၅ ကြိမ် ၆ ကြိမ်ခန့် သောက်ပြီးပါက သူ့ အလိုလို ၀မ်းရပ်သွား ပါလိမ့်မယ်။
*(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)*
--
promise.pauk
အကယ်၍ နာရီပိုင်းအတွင်းမှာပင် ဆန်ဆေးရေအရောင် ၀မ်းတွေအဆက်မပြတ်သွားခြင်း(သို့ မ ဟုတ်)တစ်နေ့ တည်းမှာပင် ၀မ်း အရည် ၃-ကြိမ် နှင့်အထက် ၀မ်းသက်ခြင်း၊ ၀မ်းတွင်သွေး ပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း (သို့ မဟုတ်)ခံတွင်းခြောက်၍ ရေအငမ်းမရ သောက်ပြီး နောက် ထိုရေအတိုင်း ၀မ်းသွားခြင်း ပြန်အန် ထွက် ခြင်း စတဲ့ရောဂါလက္ခဏာများ ပြနေပြီဆိုပါက ဓာတ်ဆားရည် များများသောက်၍ နီးစပ် ရာေ ဆးရုံဆေးခန်းသို့  မဆိုင်းဘဲပြသင့်ပါ တယ်။ အခြားသူများသို့  ဆက်လက်၍ မကူးစက် နိုင်ေ အာင် ၀မ်းသွားပြီးတိုင်း သန့် စင်ခန်း(အိမ်သာ)ကို ရေနိုင်နိုင်လောင်းချသင့် ပါတယ်။
အောက်ပါ အိမ်တွင်း ကုထုံးလေး များကလည်း ၀မ်းပျက်ဝမ်းလျောခြင်းကို သက်သာပျောက်ကင်းစေ နိုင်ပါတယ်။
(၁) ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့် တင်းပေးတဲ့အနေဖြင့် ရေကျက်အေး များများသောက်ပါ၊ ဆား နှင့် သကြား ကို ဆူတရော၍ သောက်ပါ (သို့ မဟုတ်) သီးစုံဓာတ်ဆားရည် သောက်ပါ၊ လ္ဘက်ရည်ကြမ်းထဲကို သကြားအနည်း ငယ် ထဲ့သောက်ပါ၊ ဂျင်းပြုတ် ရည်သောက်ပါ၊ အမည်းေ ရာင် ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ၊ အုန်းစိမ်းရည် သောက်ပါ။ (မည်သည့် အရည်မျိုးကိုဘဲ သောက်သောက် အအေးခံ၍ သောက်ပါ)
(၂) ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိတဲ့ လက်တစ်အက်ဆစ်က အစာအိမ် နှင့် အူလမ်းကြောင်း ထဲရှိ ၀မ်းသွားစေ သော ဘက်တီးရီးယားပိုးများကို သေစေနိုင်ပါတယ်။ (ဒိန်ချဉ်ထဲကို သကြား ထန်းလျက်ရည် မရောဘဲ ဖြစ်နိုင်ရင် သူ့ ချည်းစားပါ)
(၃) ၀မ်းလျောတဲ့ အကြိမ်ရေများတဲ့အခါ၊ သိသိသာသာ ပိန်ကျသွားပြီး အားအင်ကုန်ခမ်းသွား တာကြောင့် သက်သက်သာသာ အနားယူပါ။
(၄) ၀မ်းသွားခြင်းရပ်တန့် သွားသော်လည်း နောက် ၁၀-ခန့် ကြာတဲ့အထိ နို့ ထွက်ပစ္စည်းများဖြစ်ကြသော နို့ ၊ ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီ တို့ ကို မစားသောက်သင့်ပါဘူး။
(၅) အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်းသော ကစီဓာတ်ကြွယ်ဝတဲ့အစားအစာ များဖြစ်ကြတဲ့ ထမင်း၊ ဆန်ပြုတ်၊ စွပ် ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကစ်မုန့် တို့ ကို စားပေးနိုင်ပါတယ်။
(၆) အမျှင်ဓာတ်များသော အစားအစာများက အစာအိမ် နှင့် အူတွေကိုအလုပ်ရှုပ်စေနိုင် တာကြောင့် ၀မ်းလျော ပြီးနောက် ၃ ရက် ၄ ရက်ခန့် ကြာတဲ့အထိ မစားသင့်ပါဘူး။ (ကွေကာအုပ်ကလည်း အမျှင်ဓာတ်များတဲ့ အစားအစာ ထဲမှာ ပါနေလို့  ရှောင်ပါ)
(၇) chamomile(ခေါ်)အ၀ါရောင်ဝတ်ဆံနှင့် ပွင့်ချပ်ဖြူဖြူပွင့်တဲ့တောပန်းလေးတွေက ၀မ်းပျက်စေ တဲ့ပိုးမွှား အန္တရာယ်မှ ကာကွယ် ပေးနိုင်တာကြောင့် ထိုတောပန်းလေးများကို လ္ဘက်ခြောက် လိုမျိုးရေနွေးကြမ်းခပ်ကာ အအေးခံ၍ သောက်နိုင်ပါတယ်။ (*City Mart **ဆိုင်တွေမှာ *chamomile tea *အ**ထုပ်လေးတွေကို အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်**)*
(၈) ဘလူးဘယ်ရီသီးထဲမှာပါရှိတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများက အူလမ်းကြောင်းထဲရှိ ၀မ်းပျ က်ဝမ်းလျော ပိုးတွေကို သုတ် သင်ပေးနိုင်ပါတယ်။ *(**မြန်မာပြည်မှာ ဘလူးဘယ်ရီသီး မရနိုင်ေ သ်ာလဲ၊ နိုင်ငံခြားဖြစ် ဘလူးဘယ်ရီသီး နှင့် ၄င်းဖျော်ရည်ဗူးများ* *ကို **City Mart **ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင် ပါတယ်**)*
(၉) လိမ္မော်သီး အခွံလေးတွေကလည်း ၀မ်းပျက်ဝမ်းလျောခြင်းအတွက် ကောင်းကျိုးပြုနိင် တာကြောင့်၊ လိမ္မော်ခွံကို ပြုတ်၍သော် လည်းကောင်း၊ ရေနွေးဆူဆူ ခပ်၍သော်လည်းကောင်း အအေးခံ၍ သောက်သုံးသင့်ပါတယ်။
(၁၀) ကုလားဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ပဲနံ့ သာပင်အစေ့ကို ရေစိမ်၍သောက်ပါ။ (ပဲနံ့ သာပင် အစေ့ များကို အန္ဒိယ ရိုးရာ ပယဆေးဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်)
(၁၁) ဇီးသီးလုံးခန့် ပမာဏရှိသော နနွင်းမှုန့် ကို ရေနွေးကြမ်းဖြင့် ၃-ရက်ဆက်တိုက်သောက်ပါ။ လုံးဝပျောက် ကင်းနိုင်ပါတယ်။
(၁၂) လူနာက အသက် ၂၀ နှင်အထက်ဖြစ်ပါက ငရုတ်ကောင်း အလုံး ၂၀ ကိုပြာမီးအုံပါ။ ၂-မိ နစ်ခန့် အုံရင် ငရုပ်ကောင်းစေ့ ပွ လာပါလိမ့်မယ်။ အမှုန့် ကြိတ်၍၊ ရလာတဲ့အမှုန့် ကို အရ က်ဖြူ ၁-ဇွန်း နှင့်အတူ ရေအေး ၁-ဇွန်းရောစပ်ပြီး သောက်ပါ။
(၁၃) သီးသီး အမှည့်စားပါ၊ သစ်ကြားသီး စားပါ၊ ရေသဖန်းပင် အခေါက်ကို ပြုတ်သောက်ပါ၊ မကျီးသီးစိမ်း စားပါ၊ ပိန္နဲပွင့် သုပ်စားပါ၊ ပိန္နဲသီးအနု ဟင်းချက်စားပါ၊ စမုံနက်စားပါ၊ ဂွေးသီးမှည့် စားပါ၊ ကရဝေးသီးစားပါ၊ ကြေးပန်း အရွက်ကိုပြုတ်သောက်ပါ၊ ကြောင်လျှာမြစ်ပြုတ်သောက်ပါ၊ သရက်စေ့အဆန်ကို ၀ါးစားပါ၊ ကြာဖြူ ကြာညို ၀တ်ဆံများ စားပေးပါ။
(၁၄) ငါးပြက် စားပါ၊ ဂျီ(တောဂျီကောင်သား)သား စားပါ။
(၁၅) ပရန္န၀ါမြစ် သွေး၍သောက်ပါ၊ ဇာဒိဖ္ဖိုလ်သီးသွေးသောက်ပါ၊ ဆန်ဆေးရည်သောက်ပါ၊ ကရမက်သွေး၍ သောက်ပါ။
(၁၆) မြေအိုတစ်လုံးထဲမှာ ကန်စွန်းရိုးနီ ၁၁ ပင်ကို သင့်သလိုဖြတ်တောက်၍၊ အညိုရောင်ထန်း လျက် ၁၅ ကျပ် သားထဲ့ကာ ကန် စွန်းပင်တွေ ရေမြုပ်တဲ့အထိ ရေဖြည့်၍ ကန်စွန်းညွန့် များနူးအိ လတဲ့ အထိပြုတ်ပေးပါ။ ထိုပြုတ်ရည်နွေးနွေးအား ရေဆာတိုင်း သောက်ပါ။ တစ်ကြိမ်သောက် လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးစာ လောက်သောက်ပေးရပါမယ်။ ဤနည်းအတိုင်း ၅ ကြိမ် ၆ ကြိမ်ခန့် သောက်ပြီးပါက သူ့ အလိုလို ၀မ်းရပ်သွား ပါလိမ့်မယ်။
*(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)*
--
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+