လက်သည်းခွံ အကြောင်း သိကောင်း စရာလေးများ
လက်ချောင်းလေးတွေ အသုံးပြုလိုက်တိုင်း လက်သည်းလေးတွေ ကလည်း သင့်ကို ၀န်ဆောင် မှုအပြည့်အ၀ ပေးနေရပါတယ်။ ဥပမာ ကွန်ပြူတာခလုတ် ဖုန်းခလုတ် တွေနှိပ်တဲ့အခါ၊ အ၀တ်တွေ ချေးညှော် စင်အောင်ကုတ်၍ လျှော်ဖွပ်ရတဲ့အခါ၊ ခြင်ကိုက်၍ အယားဖြေ တဲ့အခါ စသည်ဖြင့် ကိစ္စကြီးငယ်မရွေး သူ(လက်သည်း)ပါမှ ကိစ္စပြီးမြောက်နိုင် မှာပါ။ ထို သနားစရာကောင်းတဲ့ လက်သည်း ခွံလေးများ အကြောင်း ကို အောက်ပါအတိုင်း စေ့စေ့စုံစုံ လေ့လာကြည့် လိုက်ကြ ရအောင်။
(၁) အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူ တစ်ဦးရဲ့ လက်သည်း များဟာ ပျမ်းမျှ တစ်လလျှင် ၃.၅ မီလီမီတာ ရှည်ထွက်လေ့ ရှိပါတယ် (သို့ သော် နာမကျန်းသူများ နှင့် အာဟာရချို့ တဲ့သူတွေကို မဆိုလိုပါ) အကယ်၍ လက်ချောင်း တစ်ချောင်းပေါ်ရှိ လက်သည်းခွံဟာ အကြောင်းတစ်ခု ခုကြောင့် ကျွတ်ထွက် သွားရတယ်ဆိုပါစို့ ။ ထိုလက်သည်းခွံလေး မူလပကတိ အရှည်သို့ ပြန်လည်ရောက်ရှိဖို့ ဆိုရင် ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ၃-လ မှ ၅-လအထိ စောင့်ဆိုင်း ရပါလိမ့်မယ်။
(၂) ဆံပင်မွှေး နှင့် ခြေသည်း လက်သည်းတွေကို တူညီသော ပရိုတင်းဓာတ်ဖြင့် ဖွဲ့ စည်းတည်ဆောက်ထားပါ တယ်။ ထို ပရိုတင်း၏ အမည်မှာ keratin ဖြစ်ပါတယ်။
(၃) ယေဘုယျအားဖြင့် အမျိုးသားများရဲ့ လက်သည်းဟာ အမျိုးသမီးတွေထက်ပို၍ အရှည်မြန်ဆန် ပါတယ်။ သို့ သော် ကိုယ်ဝန် ဆောင်အမျိုးသမီးများရဲ့  လက်သည်းကတော့ အမျိုးသားထက် ပို၍ အရှည်မြန်လေ့ ရှိပါတယ်။
(၄) အကြောင်းတစ်ခုခုကြောင့် ခြေသည်းလက်သည်း ပိုးစားတယ်ဆိုပါစို့ ။ ထို ပိုးစားနေတဲ့ ခြေသည်း လက်သည်း ခွံတွေကို ကုန်စင်အောင် ညှပ်ပစ်ပေးရပါမယ်။ ဖြစ်နိုင်ရင် အရောင်မပါတဲ့ ခြေသည်းလက်သည်းဆိုးဆေး (အဆီ) ကို ဆိုးထားပေးလိုက်ပါဦး။
(၅) လူတစ်ဦးနှင့် တစ်ဦးလက်သည်းခွံ အထူအပါး အပျော့အမာ မတူညီနိုင်ကြပါဘူး။ ဒါဟာ မျိုးရိုး ဗီဇကြောင့်ဖြစ် ပါတယ်။
(၆) “ လက်သည်းခွံက အသက်ရှုနိုင်တယ် ဒါကြောင့် လက်သည်းခွံက အောက်စီဂျင်လိုတယ် ” လို့  လူအများက ထင်မှတ်မှား နေကြပါတယ်။ တကယ်တော့ လက်သည်းခွံဟာ ဆဲလ်အသေဖြစ်တာကြောင့် အောက်စီဂျင် လုံးဝ မလို အပ်ပါဘူး။ လက်သည်းတွေ ရှည်ထွက်လာတဲ့ နေရာဖြစ်တဲ့ cuticles(ခေါ်) လက်သည်းပန်းကုံး နှင့် nail bed(ခေါ်) လက်သည်းခွံအောက် အရေပြားအသား တွေကသာ အောက်စီဂျင် လိုအပ်တာပါ။
(၇) လက်သည်းတွေဟာ ပူပြင်းတဲ့ရာသီမှာ အရှည်မြန်လေ့ရှိပြီး၊ အေးမြတဲ့ ရာသီမှာတော့ အရှည်နှေးကွေးသွား တတ်ပါတယ်။
(၈) လက်သည်းကို ပါးစပ်ဖြင့် ကိုက်ဖဲ့ခြင်းဟာ အားငယ်စိတ်/ မိမိကိုယ်ကို ယုံကြည်မှုနည်းစိတ်/ ယောက်ယက် ခတ် စိတ်တွေဖြင့် တိုက်ရိုက်ပတ်သက် ဆက်စပ်လျက် ရှိပါတယ်။
(၉) ခြေသည်းခွံ၊ လက်သည်းခွံတွေကို အရှည်ကြီး မထားသင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ထို ရှည်လျားပြီး အသားနဲ့ လွတ် နေတဲ့ ခြေသည်းလက်သည်း ခွံအောက်တွေမှာ အညစ်အကြေးများ၊ ဗက်တီးရီးယား မှိုပိုများ အလွယ်တကူ ပေါက်ပွားနိုင်လို့ ပါဘဲ။ ဒါကြောင့် တကိုယ်ရည်သန့် ရှင်းမှုကို တည်ဆောက်တဲ့အနေဖြင့် ခြေသည်း လက်သည်းတွေကို တိုတိုသာ ထားပါ။
(၁၀) လက်သည်းခွံရဲ့ အရောင်ကိုကြည့်ပြီး သင့်ကျန်းမာရေးအခြေအနေကို တစေ့တစောင်းအကဲ ခတ်ရလွယ်ကူ ပါတယ်။ ဥပမာ လက်သည်းခွံအရောင် ဖျော့တော့နေခြင်းက သွေးအားနည်းရောဂါလက္ခဏာ၊ လက်သည်းခွံပေါ် ဒေါင်လိုက် အမဲအစင်းကြောင်း ပေါ်နေခြင်းက အရေပြားကင် ဆာလက္ခဏာ၊ လက်သည်းခွံ အရောင်ပြာနှမ်းနေ ခြင်းက နှလုံးမှာ အောက်စီဂျင် မလုံလောက်တဲ့ လက္ခဏာ များဖြစ်ပါတယ်။
(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်...ရေးသားမျှဝေသည်)
promise.pauk

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+