၂ဝ၁၄ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို LED မီးသီး တီထွင်သူ ရရှိ

အစ်စမူ အာခါဆာကီနဲ့ ဟီရို ရှီအမာနို တို့နှစ်ယောက် ဟာ နာဂိုရာ တက္ကသိုလ်က ဖြစ်ပြီးတော့ ဆူဂျီ နာကာ မူရာကတော့ တိုကိုရှီးမား က နစ်ချီယာ ဓာတုဗေဒ လုပ်ငန်းမှာ အလုပ်လုပ်နေ သူဖြစ်ကာ သူတို့တွေရဲ့ ပူးပေါင်း ဖန်တီးမှုကနေ ရရှိလာတဲ့ LED မီးသီးစနစ်က ပုံမှန် လျှပ်စစ်မီးသီး စနစ်တွေထက် အလင်းစွမ်းအင် လည်း ပိုမိုကောင်းမွန်သလို တစ်ဖက်က လျှပ်စစ် စွမ်းအင်လည်း သုံးစွဲမှုနည်း ပါးတာကြောင့် လက်ရှိမှာ အိမ်သုံး ပစ္စည်းတွေတင် မကဘဲ မော်တော်ကားတွေ အပါအဝင် နယ်ပယ်အသီးသီးမှာ အသုံးပြုနေကြတာ တွေ့နိုင်ပါတယ်။

ဒါကြောင့်လည်း ၂ဝ၁၄ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာနိုဘယ်ဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး အားသာချက်အနေနဲ့ သုံးချက်ရှိတယ်လို့ ထောက်ပြသွားပါတယ်။

အဆိုပါ အားသာချက်တွေက တော့ စွမ်းအင်ချွေတာနိုင်မှု၊ ပတ်ဝန်းကျင်နဲ့နီးကပ်စွာ အသုံးချနိုင်မှုနဲ့ အရွယ်အစား သေးငယ်အောင် ဖန်တီးထုတ်လုပ်နိုင်မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

LH(IA)

#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...