လိင်အင်္ဂါ ထောင်မတ်နိုင်ရန် အကူအညီ ပေးသောဆေးက မွေးရာပါ ဗီဇချို့ယွင်းမှု ပါလာသူများ၌ အမြင်အာရုံ ထိခိုက်မှု ဖြစ်ပွားစေနိုင်

Austrulia မှ လေ့လာ သူများက လိင်အင်္ဂါ မထောင် မတ်နိုင်သော ရောဂါရှိသူ များတွင် လိင်အားတိုး ဆေးအနေဖြင့် သုံးသော Sitdenafil ဆိုသည့် ပါဝင်ပစ္စည်းမှာ အချို့သော သူများ၌ အမြင်အာရုံ ထိခိုက်မှုများ ဖြစ်စေနိုင်သည်ဟု သတိပေးထား ခဲ့သည်။ ယင်းကဲ့သို့ အမြင်အာရုံ ထိခိုက် နိုင်သူများမှာ မွေးရာပါ ဗီဇချို့ယွင်းမှုတစ်ခု ပါဝင်လာ သူများဖြစ်ပြီး၊ ယင်း ဗီဇချွတ်ယွင်းမှု မှာလည်း သာမန်အား ဖြင့် မည်သည့်လက္ခဏာမျှ ပြလေ့မရှိပေ။ ထို့ပြင် ဗီဇချွတ်ယွင်းမှုမှာ လူ ၅၀ လျင် ၁ ဦးနှုန်းပါဝင်နိုင်ကြောင်း သိရသည်။

ယင်းဗီဇချွတ်ယွင်းပါက Retinitis Pigmentosa ဟုခေါ် သည့် အဖြစ်များသော မျိုးရိုးဗီဇမျက်စိရောဂါ ဖြစ်ပွား လေ့ရှိသည်။ ယင်း Retinitis Pigmentosa ရောဂါတွင် PDE 6 ဟုခေါ်သည့် အင်ဇိုင်း ထုတ်လုပ်ပေးသည့် ဗီဇမြုံသွားသည့် အတွက် ဖြစ်ပွားရခြင်းဖြစ်သည်။

Sildenofil မှာ PDE 5 အင်ဇိုင်းအား ပိတ်၍ လိင်အင်္ဂါ ထောင်မတ်နိုင်ရန် အကူအညီပေးခြင်းဖြစ်သည်။ သို့ သော်လည်း ၎င်းင်းက PDE 6 အင်ဇိုင်းကိုပါပိတ်၍ Retinitis Pigmetosa ရောဂါကို ပိုဆိုးစေ သည်။ လေ့လာမှုအား ကြွက်များတွင်ပြု လုပ်ခဲ့ရာ ပုံမှန်ကြွက်များတွင် Silde nafil ကြောင့် အမြင်အာရုံ ထိခိုက်မှု ဖြစ်လျင်လည်း ခဏသာဖြစ်ပြီး၊ ဗီဇ ပြောင်းလဲမှုဖြစ်နေသော ကြွက်များတွင် အမြင်အာရုံထိခိုက်မှု မှာ ကာလ ကြာရှည်ဖြစ်ပွား တတ်သည်။ ထို့ပြင် ဗီဇပြောင်းလဲမှု ဖြစ်နေသော ကြွက်များ၌ မျက်စိဆဲလ်များ ပျက်စီးမှုကိုပါ ဖြစ်စေကြောင်း တွေ့ရသည်။


အပိန်လေး
Ref; Medindia
Health Updates Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...