Thyroxine ဟော်မုန်းနှင့် သင်္ချာစွမ်းရည်
လေ့လာမှု တစ်ရပ်အရ ကိုယ်ဝန်ဆောင် အမျိုးသမီးများ သည် ဟော်မုန်းတချို့ မရှိပါက မွေးဖွား လာ သော ကလေးငယ်များတွင် သင်္ချာ ပညာရပ်တွင် လေ့လာမှု အခက်အခဲများ ရှိကြောင်း တွေ့ရသည်။
နယ်သာလန် သုတေသီများသည် Thyroxine ဟု ခေါ်သော ဟော်မုန်း နည်းခြင်းသည် သင်္ချာစွမ်းရည် တွင် ထိခိုက်မှုရှိ ကြောင်း တွေ့ရသည်။ နယ်သာလန် အစ်စတာဒန်မြို့ရှိ ဆေးပညာ တက္ကသိုလ်မှ Dr.Mertijn Finken ဦး ဆောင်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို Thyroxine ဟော်မုန်းကို ကိုယ်ဝန် ၁၂ပတ်တွင် တိုင်းတာခဲ့ပြီး ၎င်းတို့မှ မွေးဖွားလာသော အသက် ၅နှစ် အရွယ် ကလေးငယ်များ ၁၁၉၆ ဦးကို လေ့လာခဲ့သည်။
လေ့လာမှုအရ ကိုယ်ဝန်ဆောင်စဉ်အတွင်း Thyroxine နည်းပါးသူများမှ မွေးဖွားလာ သော ကလေးများ သည် သင်္ချာစွမ်း ရည်လျော့နည်းကြောင်း တွေ့ရသည်။ သို့သော် ဘာသာစကား စွမ်းရည် အပေါ်သို့ ထိခိုက်မှု မရှိကြောင်း တွေ့ ရသည်။
မာဃ
Ref;Netdoctor
Health Updates Journal No. 138
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+