တစ်ပတ်လျှင် (၅၅) နာရီထက်ပို အလုပ်လုပ်သူများ ဆီးချိုရောဂါ ရနိုင်
တစ်ပတ်လျှင် (၅၅) နာရီနှင့် အထက် အလုပ်လုပ် သူများသည် အခြား သူများထက် ဆီးချိုရောဂါ အမျိုးအစား (၂)အန္တရာယ် ပိုမြင့်မား ကြောင်းသိရသည်။
University College London မှ သုတေသီများ ၏ လေ့လာမှုတွင် လူနေမှု အဆင့်အတန်း နိမ့်ကျသည့် အလုပ်များကို တစ်ပတ်လျှင် (၅၅) နာရီကျော်လုပ် ကိုင်နေရ သူများသည် တစ်ပတ်လျှင် (၃၅) နာရီမှ (၄၀) နာရီကြားလုပ်ကိုင် သူများထက် ဆီးချို သွေးချို ရောဂါ အန္တရာယ် (၃၀) ရာခိုင်နှုန်း ပိုမိုမြင့်မား ကြောင်း တွေ့ရှိထားသည်။
ေ
ဆေးလိပ်သောက်ခြင်း၊ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ် ခြင်း၊ အသက်၊ ကျား/မ၊ အ၀လွန် ခြင်း စသည့်အချက်များကို ထည့် သွင်းတွက်ချက် ပြီးသည့်အခါတွင် လည်း (၅၅) နာရီကျော် အလုပ်လုပ်ရ သည့်အဖွဲ့မှာ ဆီးချိုရောဂါအန္တရာယ် မြင့်တက်နေဆဲ ဖြစ်သည်ကိုတွေ့ရ သည်။
အ၀လွန်ရောဂါနှင့် အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါ အန္တရာယ်ရှိ သည့် ညဆိုင်း အလုပ်ဆင်းရသူများ တွင်လည်း (၅၅)နာရီကျော်သူများမှာ ဆီးချိုရောဂါအန္တရာယ် မြင့်တက် လျက်ရှိဆဲ ဖြစ်သည်ကိုတွေ့ရသည်။
နာရီပေါင်းများစွာ အလုပ်လုပ် သူတိုင်းတွင် ဆီးချိုအန္တရာယ်ရှိသည် ဟု မဆိုနိုင်သော်လည်း ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများအနေနှင့် အဆင့်အတန်းနိမ့်ကျသည့် အလုပ်များကို နာရီပေါင်း များစွာ လုပ်ကိုင် နေရသူများအား ဆီးချိုရောဂါဖြစ် ပေါ်နိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေး ပြောကြား သင့်သည်ဟု သုတေသီ Kivimaki ကဆိုသည်။
သုတေသနရလဒ်များကို The Lancet Diabetes and Endocrinology ဆေးပညာကဏ္ဍတွင် ဖော်ပြထား သည်။
ဇော်ကို
Ref:MDI
Health Updates Journal Vol(138)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+