ရေနွေးကြမ်း သောက်သုံးပါက

ရေနွေးကြမ်းသည် ငွေကုန်ကြေးကျ အလွန်သက်သာ၍ ကျန်းမား ရေးကို များစွာ အထောက် အကူပြုသည် ။

ရေနွေးကြမ်း ကျကျ သောက်လျှင် အပူတွေကို ပယ်ရှင်းပြီး အဆိပ် ပြေစေသည့်အတွက် အပူကန်တတ်သူ နှင့် ဆေးလိပ်သောက် သူတွေ အတွက် အထူးကောင်းမွန်သည် ။

ထို့ ပြင် အသား ငါး အဆီတွေ စားသူများကို ပေါ့ပါး လန်းဆန်း စေနိုင်သည် ။

ဆီးနည်းသူ များကိုလည်း ဆီးရွှင်စေသည် ။

ခံတွင်းရောင်ရမ်းတာ ၊ အာခေါင်လည်ချောင်း နာသူများကိုလည်း အရောင်ကျ၍ သက်သာစေနိုင်သည် ။

သွားပိုး စားသူများအတွက် သွေးလည်ပတ်မှုကို အားကောင်းစေသည် ။

ရေနွေးများများ သောက်သူသည် အဆီကျ၍ အသားကျစ်သည် ၊ ထို့ ပြင် ဝမ်းပြည့် ရင်ကယ် ၊ ဝမ်းအေးဖောရောင် သွေးတိုးဖြစ်သော မူးဝေခြင်း ဝေဒနာနှင့် လေနာရောဂါတို့ ကို ကာကွယ်ပေးနိုင်သည် ။

သွေးပျက်နာ ၊ လေဆန်နာ ၊ ချောင်းဆိုးနာ တို့ ကို နိုင်သည် ။

ရေနွေးကြမ်းတစ်နေ့  လေးခွက် ပုံမှန်သောက်လျှင် ကင်ဆာရောဂါ ကာကွယ်နိုင်ကြောင်း သုတေသီများက ဆိုသည် ။

ရေနွေးကြမ်း လေးသောက်သုံးခြင်းဖြင့် အသက်ရာကျော် ရှည်ပါစေ...


Mg Mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...