ငါးခြောက် ခရမ်းချဉ်သီး ငပိချက်

ဘယ်အချိန်၊ ဘယ်အခါစားစား မရိုးနိုင်၊ မဝနိုင်တဲ့ မြန်မာတို့ရဲ့ အသည်းစွဲ ဟင်းလေးမို့ လို့ ရေးဖြစ်အောင် ရေးလိုက် တာပါရှင်….

***... ငါးခြောက် ခရမ်းချဉ်သီး ငပိချက် အတွက် လိုအပ် တာလေးတွေ…

1. ၂ ပိုင်းဖြတ်ကာ အကွင်းလိုက် လှီးထားသော ဂေါက်သီး အရွယ်ခန့် ခရမ်းချဉ်သီး – ၆ လုံး (လှီးပြီးနောက် 3 cups (750 ml)ခန့်)
2. အတုံးလေးများ လှီးထားသော ခရမ်းချဉ်သီး (diced tomatoes) – ၁ ဗူး (400 g) (ဗူးကိုမသုံးလျှင် ခရမ်းချဉ်သီး ၅ လုံး ပိုထည့်ပေးပါ။)
3. ပါးပါး လှီးထားသော ကြက်သွန်နီ – 1 cup (250 ml)
4. စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်း
5. ငရုတ်သီး အကြမ်းမှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
6. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
7. ဆီ – 1/4 cup (60 ml)
8. အရသာမှုန့် (chicken powder) – ထမင်းစားဇွန်း ၁ ဇွန်း
9. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
10. လက်တစ်ဆစ်အရွယ်ခန့် လှီး (ခုတ်)ထားသော ငါးခြောက် – 1 cup (250 ml)
11. ရေနွေး – 1 1/2 cups (375 ml)
12. ငရုတ်သီးစိမ်း – ၁၀ တောင့်ခန့်
13. လက်တစ်ဆစ် အရှည်ခန့်လှီးထားသော နံနံပင် – 1/2 cup ခန့်

ငါးခြောက်၊ ရေနွေး၊ ငရုတ်သီးစိမ်း နှင့် နံနံပင်မှ လွဲ၍ ပါဝင်ပစ္စည်းအားလုံးကို ဒယ်အိုးထဲထည့်ကာ ငပိ နှင့် ခရမ်းချဉ်သီးဖတ်များတတ်နိုင်သမျှကြေအောင် ဖိချေမွှေကြော်ပြီး အိုးအဖုံး ဖုံး၍ medium heat ဖြင့် ခရမ်းချဉ်သီးဖတ်များ နူးအိကြေသွားအောင် တည်ထားပါ။ (မကြာခဏ မွှေပေးပါ။)

ခရမ်ချဉ်သီးဖတ်များ နူးအိကြေသွားလျှင် ငါးခြောက်များကို ထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပေးပါ။

ရေနွေး နှင့် ငရုတ်သီးစိမ်းထည့်ကာ အိုးအဖုံး ဖုံး၍ medium heat ဖြင့် ဆက်တည်ထားပြီး မိမိကြိုက်နှစ် သက်သော အပျစ်အကျဲ၊ အရသာကိုရလျှင်

နံနံပင်ထည့်ကာ ၃၊၄ ခါမွှေပြီးသည်နှင့် မီးဖိုမှချကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


Chaw Su's Food Friends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...