အရိုးပွခြင်းတွင် ရှောင်ကြဉ်ရမည့် အစားအစာများ
အရိုးပွခြင်း ဆိုတာ ဘာလဲ။ အရိုးရဲ့ သိပ်သည်းဆနဲ့ အရည် အသွေးတွေ တဖြည်းဖြည်း လျော့ပါး လာတဲ့အခါ အရိုးတွေက အားနည်း၊ ကြွတ်ဆတ်ပြီး၊ ကြိုးလွယ်လာတဲ့ အခြေအနေ ကို ခေါ် ပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်တတ်ပါ တယ်။
အရိုးပွခြင်းကို ဘယ်အရာတွေက ပိုဆိုးစေတာလဲ။ အစာ အာဟာရ မမျှတခြင်း၊ လေ့ကျင့်လှုပ်ရှားမှု နည်းခြင်း၊ နေရောင် ခြည်နှင့် ထိတွေ့မှု နည်းခြင်း စတဲ့ အကြောင်း အရာတွေ အများကြီး ရှိပါတယ်။
အရိုးပွခြင်းကို ပိုဖြစ်စေတဲ့ အစားအစာတွေက-
(၁)ကာဗွန်ပါဝင်တဲ့ အချိုရည်များ
ကာဗွန်ပါဝင်တဲ့ အချိုရည် (ဘိလပ်ရည်) အများစုက Phosphoric Acid များ ပါဝင်ပြီး၊ ကယ်ဆီယမ် လုံးဝမပါပါဘူး။ ယင်းအတွဲအဖက်က အမျိုးသမီးတွေ အတွက်တော့ တကယ့်အန္တရာယ်ပါပဲ။ Phospharic Acid က အရိုးမှ ကယ်ဆီယမ်တွေကို ဆုံးရှုံးမှုများစေပြီး အရိုးပွရောဂါကို ပိုဖြစ်စေပါတယ်။
(၂) ကဖင်း
လေ့လာမှုတွေအရတော့ ကဖင်း 100mg သောက်သုံးပြီးတိုင်း အရိုးက ကယ်ဆီယမ် 6mg ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ ယင်းပမာဏက များလာတာမဟုတ်ပေမဲ့ အစားအစာထဲမှာ ကယ်ဆီယမ် လုံလောက်စွာ မပါဝင်ရင်တော့ ပြဿနာဖြစ်စေမှာ ပါပဲ။ ဒါကြောင့် တစ်ရက်ကို ကဖင်း 300mg သာသောက်သင့်ပြီး ကယ်ဆီယမ်ကြွယ်ဝစွာပါဝင်တဲ့ အစားတွေ စားသင့်တယ်လို့ အကြံပေးထားပါတယ်။
(၃)ပဲပိစပ်နှင့် ထွက်ကုန်
ပဲပိစပ်နဲ့ ၎င်းင်းရဲ့ ထွက်ကုန်တွေ ဖြစ်တဲ့ တို့ဖူး၊ ပဲနို့စတဲ့ ထွက်ကုန်တွေ မှာ Oxalate ဓာတ်ပါဝင်ပြီး ၎င်းက ကယ်ဆီယမ်နဲ့ပေါင်းကာ ကယ်ဆီ ယမ်ကိုစုပ်ယူလို့ မရအောင် တားဆီး ထားပါတယ်။ ဒါကြောင့် အရွယ် ရောက်ပြီးအမျိုးသမီးတွေမှာ ပဲပိစပ်ကို အကန့်အသတ်နဲ့ သာ စားသင့်ပါတယ်။
(၄) ဆိုဒီယမ်
စားပွဲတင်ဆားနဲ့ အခြားအသင့်လုပ် အစာတွေထဲမှာပါတဲ့ ဆိုဒီယမ်က ကယ်ဆီယမ်တွေကို ဆီးနဲ့ အတူ ပါသွားစေပြီး အရိုးပွမှုကို ပိုဆိုးစေပါတယ်။
(၅) အရက်
အရက်သေစာ သောက်သုံး ခြင်းက ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီ စုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါပေမဲ့ အရက်၊ ဘီယာတို့ကို တစ် ရက်၊ တစ်ခွက်နှစ်ခွက်နဲ့တော့ အရိုး ပွခြင်းကို မဖြစ်စေနိုင်ပါဘူး။
မိုင်ကိ
Ref; Medindia
Health Updates Journal No. 138
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+