လက်သည်းအထွက် လွယ်အောင် ညှိပေးရန်လို

လက်သည်း အလှဖော်လို သူများက လက်သည်းနီ အရောင်မျိုးစုံ တို့ ဖြင့်အလှ ဖေါ်နိုင်ရန် လက် သည်း၊ ခြေသည်း တို့ကို ပုံမှန်ညှိရာတွင် လက်သည်း၊ ခြေသည်း အနားများ မညီညာခဲ့ပါက လက်သည်းနှင့် သက်ဆိုင် သည့် ပြသနာ များဖြစ်ပေါ် စေနိုင်ကြောင်း Nottingham တက္ကသိုလ်မှ ပညာရှင်များ၏ ရှာဖွေချက် တစ်ခုအရ သိရသည်။

Nottingham တက္ကသိုလ်မှ သုတေသီတို့က ခြေစွယ်ငုတ်ခြင်း၊ ဇွန်းပုံစံ လက်သည်းခွံ များဖြစ်ပေါ်ခြင်း၊ ခြေ သည်း လက်သည်း အတွင်းသို့ ကွေးဝင်ခြင်း အစရှိသည့် လက်သည်း ခြေသည်းတို့တွင် တွေ့ရသည့် ပြသနာများကို လေ့လာကြည့်သည်။

လူအများစုတွင် တွေ့ရှိရသည့် ခြေစွယ်ငုတ်ခြင်း၏ အကြောင်းရင်းကို လေ့လာရာတွင် ခြေသည်းကို အရှေ့ သို့ တွန်းထုတ်ပေးသည့် ခြေသည်းဖွဲ့စည်းပုံ၏ အပိုင်းအချို့ က အလုပ်မလုပ်တော့ချိန်တွင် ခြေသည်းမှာ အတွင်းထဲသို့ ပြန်လည်ကွေးဝင် တတ်ပြီး အဆိုပါခြေချောင်းတွင် နာကျင်မှုကိုဖြစ်ပေါ်စေ နိုင်သည်။

လက်သည်း၊ ခြေသည်းကို ညှိလေ့ရှိသူများက သပ်ရပ်စွာညှိပေးခြင်းမရှိပါက ခြေသည်း၏အစွန်းပိုင်း တွင် မညီညာမှုများ ဖြစ်စေပြီး ယင်းအပိုင်းလေးများမှ တစ်ဆင့်ခြေသည်းက ရှေ့ သို့ဆက်လက် ဖွံ့ ဖြိုးလာ သော အခါ ခြေစွယ်ငုတ်ခြင်းဖြစ်ပေါ် စေနိုင်သည်။ ထို့ကြောင့် မိမိတို့၏ လက်သည်း၊ ခြေသည်းများကို ညှိပေးရာ တွင် သေခြာသပ်ရပ်စွာညှိရန် လိုအပ်သည်။ ခြေစွယ်ငုတ်ခြင်းက လက်သည်း၊ ခြေသည်းခွံတိုင်းတွင် ဖြစ်ပေါ်နိုင် သော်လည်း ခြေသည်း၏မညီညာသော ပို၍ကြီး၍ကျယ်ပြန့်သည့် ခြေမကြီးတွင် အများ ဆုံးဖြစ်ပေါ် တတ်သည်။

ထို့ကြောင် အဆိုပါ လေ့လာမှုကို ဦးဆောင်ခဲ့သည့် ပါမောက္ခ Cyril Rauch က လက်သည်းအလှ ကို နှစ်သက်သူတို့ အား လက်သည်း၊ ခြေသည်းတို့ကို ညှိရာတွင် ပါရာဘိုလာမျဉ်းကွေးအတိုင်း ပုံဖော်ရန် တိုက်တွန်းသည်။

Rauch သည် ၄င်းတို့၏ လေ့လာမှုမှာ လူတို့နေ့စဉ် စားသုံးရန် အစားအစာရင်းမြစ် တစ်ခုဖြစ်သည့်
လယ်ယာမွေး တိရစ္ဆာန်တို့ ကို အသက်အန္တရာယ် ဖြစ်စေနိုင်သော ခွာနှင့်သက်ဆိုင်သည့် ပြသနာများ အား ဖြေရှင်း ရာတွင် ထိရောက်စွာ အထောက်အကူပြုနိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...