Secret Tips For iOS 8

ဖျက်ပစ် လိုက်သော ဓာတ်ပုံများကို ရယူခြင်း၊ private အဖြစ် ရှာဖွေခြင်း နှင့် သင့်ရဲ့ iPad သို့မဟုတ် iPhoe မှာ widgets များကို ထည့် သွင်းခြင်း

ပိုမိုလုံခြုံစိတ်ချရသော private search engine သို့ပြောင်းလဲခြင်း

iOS 8 သည် Safari မှာ သင့်ရဲ့ default search engine အား ပြောင်းလဲနိုင်စေ မှာဖြစ်ပါတယ်။ ကြိုတင် install ထားသော search engines များအနက် တစ်ခုဖြစ်သည့် DuckDuckGo သို့ ပြောင်းလဲနိုင် မှာဖြစ်ကာ ယင်းက ကိုယ်ရေးလုံခြုံမှုနှင့် ပတ်သက်ပြီး အဆင့်အမြင့်ဆုံး ဖြစ်ပါသည်။ Googel နှင့် မတူညီ တာက သင်ရှာဖွေထားသော history များအား log အဖြစ် မှတ်သားထားခြင်း၊ ၊ သင့်အားကြော်ငြာ ပစ်မှတ် အဖြစ် ပြုလုပ်ခြင်း နှင့် သင့်ရဲ့ကိုယ်ရေး အချက်အလက်များကို မျှဝေခြင်းများ ပြုလုပ်မည်မဟုတ်ပေ။ သင့်အား တိကျသော ရှာဖွေမှု ရလဒ်များကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ယင်းအားသင့်ရဲ့ default engine အဖြစ် ချိန်ညှိထားနိုင်ရန် Settings အားတို့ထိပြီး ဘယ်ဖက်ခြမ်းမှာရှိသည့် Safari သို့ scroll ဆွဲချကာ ယင်းကိုတို့ထိပြီး ညာဖက်ခြမ်းမှာရှိသည့် Search Engine ကို တို့ထိပါ ။ ထို့နောက် DuckDuckGo ကို ရွေးချယ်ပါ။

Audio messages များအား ပို့လွှတ်ခြင်း

iOS 8 မှာ Messages အား ကြီးမားစွာပြုပြင်ပြောင်းလဲ ပစ်ခဲ့ပြီး အဆိုပါ apps ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ထပ်မံပေါင်း ထည့်မှုကတော့ audio messages များပို့လွှတ်နိုင်ခြင်းဖြစ် ပါတယ်။ အောက်ခြေညာဖက်မှာ ရှိတဲ့ မိုက်ခရိုဖုန်း သင်္ကေတလေးအား တို့ထိပြီး ဖိထားကာ သင့်ရဲ့ message ကို ပြောဆိုနိုင်မှာဖြစ် ပါတယ်။ သင်က မိုက်ခရိုဖုန်း သင်္ကေတလေးကို ဖိထားသည့်အတွက် radial menu ပေါ်လာမည်ဖြစ်သည်။ အသံဖမ်းယူ ထားသော ဖိုင်ကို ပို့လွှတ်ရန် ပေါ်သို့ ပွတ်ဆွဲလိုက်ပါ။ အသံဖိုင်ကို ဖျက်ရန်အတွက် ဘယ်ဖက်သို့ ပွတ်ဆွဲရမှာဖြစ်ပြီး သင်အသံဖမ်းထားသော message ကို နားထောင်နိုင်ရန် အဆိုပါ သင်္ကေတသို့ သွားရမှာဖြစ်ပါတယ်။

ပျာက်ဆုံးသွားသော ဓါတ်ပုံများကို ရှာဖွေခြင်းနှင့် ဖျက်ပစ်သည်များကို ပြန်လည်ရယူခြင်း

သင့်အနေဖြင့်ယခုအခါမှာ သင့်ရဲ့ device ပေါ်မှ မတော်တဆ ဖျက်ပစ်မိခဲ့သော ဓာတ်ပုံများကို ပြန်လည် ရယူနိုင်မှာဖြစ်ပါတယ်။ iOS 8 မှာတော့ အဆိုပါ ဖျက်ပစ်သည့်ဖိုင်များကို Recently Deleted folder အတွင်းမှာ သိမ်းဆည်း ထားပေးမှာဖြစ်ပါတယ်။ အဆိုပါ folder က သင့်ပီစီအတွင်းမှာ ရှိသည့် Recycle Bin နှင့် အလားတူဖြစ်ပါသည်။ သင့်စိတ်ထဲမှာ မှတ်သားထားရမှာက iOS 8 Photos app အသစ်က သင့်ရဲ့ယခင်ဗားရှင်းတုန်းက ရှိခဲ့သော ဓာတ်ပုံများကိုတော့ ပြသမှာ မဟုတ်တဲ့အတွက် သင့်ရဲ့ ဓာတ်ပုံ အဟောင်းများကို မမြင်တွေ့တော့ပါက အဲဒါတွေက ဆုံးရှုံးသွားပြီလို့မယူဆပါနှင့်။ Phone app ရဲ့ အောက်ခြေ ညာဖက်ထောင့်မှာရှိသော Albums အားတို့ထိပြီး သင့်ရဲ့ ဓာတ်ပုံအားလုံးကိုမြင်တွေ့နိုင် မှာဖြစ်ပါတယ်။ အလားတူ Recently Deleted folder ထဲမှာလည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အဆိုပါ folder ကိုတို့ထိပြီး မကြာသေးမီက သင်ဖျက်ပစ်လိုက်ခဲ့သော ဓာတ်ပုံများကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သင့်အနေဖြင့် ဓာတ်ပုံတစ်ခုချင်းစီမှာ အဆိုပါဓာတ်ပုံများအား အပြီးတိုင်ဖျက်ပစ်ဖို့ ဘယ်နှရက် ကျန်သေး သလဲဆိုတာကိုပြောနေတဲ့ အသိပေးချက်ကိုမြင်ရမှာဖြစ်ပါတယ်( default ကတော့ အမြင့်ဆုံး ရက် ၃၀ ဖြစ် ပါတယ်)။

သင်အကြိုက်နှစ်သက်ဆုံးသော apps များအတွက် widgets များကို ထည့်သွင်းထားခြင်း


iOS မှာ သတ်မှတ်ထားသည့် အချိန်ကာလထက် နောက်ကျသည့် features များထဲက တစ်ခုကနောက် ဆုံးတော့ ရောက်လာပါပြီ။ Widgets များကို အသုံးပြုရန် option ပဲဖြစ်ပါတယ်။ Home screen မှာ တင်ထားသော Android widgets များနှင့်မတူညီတာက iOS 8 widgets များဟာ Notification Center ထဲမှာရှိနေမှာဖြစ်ပါတယ်။ ယင်းတို့ကို access လုပ်ရန်အတွက် screen ရဲ့ ထိပ်ကနေပြီး အောက်ဖက်ကို ပွတ်ဆွဲလိုက်ရမှာဖြစ်ပါတယ်။ Apple ရဲ့ default အားဖြင့်ပါဝင်သော widget options များဖြစ်တဲ့ Calender နှင့် Weather များကဲ့သို့ widgets များကို မြင်တွေ့စေရန် ဘယ်ဖက်မှာရှိသော Today tab ကိုတို့ထိလိုက်ပါ။အဲဒိအောက်မှာ အသုံးမပြုသော widgets များစွာအတွက် apps အားလုံး ကိုမြင်တွေ့ရ မှာဖြစ်ပါတယ်။ Apps တွေအနီးမှာရှိနေတဲ့ အစိမ်းရောင် ‘+’ သင်္ကေတလေးကိုတို့ထိပြီး အဆိုပါ apps များရဲ့ widgets တွေကို သင့်ရဲ့ Notification Center သို့ပေါင်းထည့်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ widgets များကို ဖယ်ရှားရန်အတွက် အနီရောင် ‘-‘ သင်္ကေတကိုတို့ထိရမှာဖြစ်ပါတယ်။

ဘက်ထရီစွမ်းအားကို ချွေတာခြင်း နှင့် မျက်စိညောင်းညာမှုအား လျှော့ချခြင်း

iOS 8 မှာ အသစ်ပါဝင်လာသော Grayscale mode ပါဝင်ကာ ကာလာများစွာကို ဖယ်ရှားပြီး များစွာသော မီးခိုးရောင် အရိပ်များစွာဖြင့် မြင်တွေ့နိုင်စေမှာဖြစ်ပါတယ်။ Apple ရဲ့ အဆိုအရ ဒီ mode ကိုသုံးစွဲခြင်းဖြင့် သင့်ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို တိုးချဲ့နိုင်စေမှာဖြစ်ပြီး မျက်နှာပြင်ကို ကြည့်ရှုရာမှာလည်း မျက်စိ အညောင်း သက်သာစေမှာဖြစ်ပါတယ်။ယင်း mode ကို activate လုပ်ရန် Settings-> General-> Accessibility-> Grascale ကိုတို့ ထိရမှာဖြစ်ပါတယ်။

ဘက်ထရီ သက်တမ်းကို ချွေတာစေဖို့ အခြားသော နည်းလမ်း တစ်ခုကတော့ အသစ်ပါဝင်လာသော Battery Usage မျက်နှာပြင်ကို အသုံးပြုဖို့ဖြစ်ပြီး အဲဒိမှာ apps တစ်ခုချင်းစီရဲ့ ပါဝါသုံးစွဲမှု ရာခိုင်နှုန်း ပမာဏများ ကိုပြောပြမှာဖြစ်ပါတယ်။ Settings->General->Usage->Battery Usage ကိုတို့ထိကာ app တစ်ခုချင်းစီက ပြီးခဲ့တဲ့ ရက်နှင့် ရက်သတ္တပတ်အတွင်း သင့် device ရဲ့ ဘက်ထရီကို ဘယ်လောက်ထိ ကုန်ခမ်းစေခဲ့သလဲ ဆိုတာကိုမြင်တွေ့ ရမှာဖြစ်ပါတယ်။

ဘက်ထရီ ကုန်ခမ်းသွားသော သင့် device ကို ရှာဖွေခြင်း

Apple ဟာ iOS 8 မှာ ‘Find My iPhone/iPad’ feature အား အဆင့်မြှင့်တင်ခဲ့သည်။ အဆိုပါ feature ဟာ အခြားသော Apple device သို့မဟုတ် သင့်ရဲ့ ပီစီကနေပြီး သင့် device ရဲ့ တည်နေရာကို မြေပုံတစ် ခုပေါ်မှာ ရှာဖွေနိုင်ရန်အတွက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ယခင်ကတော့ သင့်ရဲ့ device က ဘက်ထရီ ကုန်ခမ်းနေခဲ့လျှင် ရှာဖွေလို့ရနိုင်မှာ မဟုတ်ပါဘူး။ သို့ရာတွင် iOS 8 မှာတော့ သင့်ရဲ့ device မှာ ဘက်ထရီ မကုန်ခမ်းမီ နောက်ဆုံး သိရှိသော တည်နေရာအား ပို့လွှတ်နိုင်စေရန် ချိန်ညှိထားနိုင်မှာဖြစ် ပါတယ်။ Settings->iCloud->Find My iPhone/iPad->Send Last Location ကို တို့ထိရမှာဖြစ်ပါတယ်။

သင့်ရဲ့ device ကို ခြေရာခံနိုင်စေဖို့ အခြားသော Apple device သို့မဟုတ် PC မှနေပြီး သင့်ရဲ့ Apple ID နဲ့ www.icloud.com/#find သို့ log in ဝင်ကာ ခြေရာခံနိုင် မှာဖြစ်ပါတယ်။ All Devices ကိုနှိပ်ပြီး သင်ပျောက်ဆုံး သွားသော device ကို ရွေးချယ်ရ မှာဖြစ်ပါတယ်။ သင့်ရဲ့ device တည်နေရာကို မြေပုံ တစ်ခုပေါ်မှာ စက်ဝိုင်းလေးနဲ့ ညွှန်ပြနေ မှာဖြစ်ပါတယ်။

အစိမ်းရောင် စက်ဝိုင်းလေး ကတော့ လက်ရှိ သင့်ရဲ့ device တည်ရှိနေသော နေရာဖြစ်ပြီး မီးခိုးရောင် စက်ဝိုင်းလေးကတော့ သင့် device ရဲ့နောက်ဆုံး တည်ရှိခဲ့သော နေရာဖြစ်ပါတယ်။


Nyein Chan(TSJ Tech Team)
Ref: Computer Active(Issue-434)
https://www.facebook.com/techspaceJournal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...