အံကပ်ဖြုတ် အိပ်သူနှင့် အဆုတ်ရောင်ရောဂါ
အံကပ်ဖြုတ်လို့ ရသူများသည် ညအချိန် အိပ်စက်တဲ့ အခါ အံကပ် ဖြုတ်ပြီး ရေခွက်အတွင်း စိမ်လေ့ရှိကြသည်။ သို့သော် လေ့လာတွေ့ရှိမှု အသစ်အရ ထိုအပြုအမူသည် Pne-umonia လို့ခေါ်သော အဆုတ်ရောင် ရောဂါဖြစ် စေနိုင်ကြောင်း တွေ့ရသည်။
ဂျပန်ရှိနီဟွန်း သွားဘက်ဆိုင် ရာတက္ကသိုလ်မှ အသက်ကြီး သူများ၏ သွားကျန်းမာရေးနှင့် အခြားသော ကျန်းမာရေး ဆက်စပ်မှုကို လေ့လာခဲ့ ကြသည်။ လေ့လာမှုအတွက် အသက် ၈၅နှင့် အထက် ၅၂၄ ဦး ကို လေ့လာ ခဲ့သည်။ ၎င်းင်းတို့တွင် အမျိုးသား ၂၂၈ဦးနှင့် အမျိုးသမီး ၂၉၆တို့ပါဝင် ပြီးသူတို့ထံမှ သွေးများ ကို ၃နှစ်ကြာ လေ့လာခဲ့ကြသည်။ လေ့လာနေစဉ် အတွင်း ၄၈ဦးသည် အဆုတ်ရောဂါ ဖြစ်ပြီး ၂၀ ဦး သည် သေဆုံးပြီး ၂၈ဦး သည် ဆေးရုံတက်ရောက် ခဲ့ရသည်။ လေ့လာမှုတွင် ပါဝင်သူများတွင် ၄၅၃ ဦးသည် အံကပ်တပ်ဆင်ပြီး ၎င်းင်းတို့မှ ၄၀.၈ရာခိုင်နှုန်းသည် အိပ်စဉ်တွင် အံကပ်တပ်ဆင်ပြီး အိပ်ကြပြီး ကျန် ၃၉.၉ရာခိုင်နှုန်းသည် အံကပ်ဖြုတ် ပြီး ရေစိမ်ကြသည်။ ဖြုတ်ပြီးရေစိမ် အိပ်သူများ၏ အံကပ်များတွင် Stre-ptococcus pneumonia လို့ခေါ် သော အဆုတ်ရောင် ရောဂါဖြစ်စေ သောပိုးများ ပိုမို ရှိနေကြောင်း တွေ့ရ သည်။
မာဃ
Ref:Netdoctor
Health Updates Journal Vol(139)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကော်ဖီနှင့် ဗီဇမျိုးစိတ် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို PC Games များ... Kaspersky 2013 + Trial Reset + Key Files (updated)
- (အနောကျသို့) စွမ်းအားဖြည့် အချိုရည်များကြောင့် အားကစား သမားများ အိပ်မပျော်ခြင်းနှင့် တုန်လှုပ် ချောက်ချားခြင်း တို့ဖြစ်ပေါ်နိုင် ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ပူဒီနာ စားသင့်တဲ့အချက် ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို PC Games များ... Kaspersky 2013 + Trial Reset + Key Files (updated)