လူကို တဖြည်းဖြည်း ဇီဝိန်ချွေတဲ့ အားဖြည့် အချိုရည်များ

အားဖြည့် အချိုရည် ထုတ်လုပ်တဲ့ ကုမ္ပဏီများဟာ ဆယ်ကျော် သက်ရွယ် လူငယ်များ၊ သက်လတ်ပိုင်း အရွယ်များနဲ့  အားကစား သမားများကို ပြစ်မှတ်ထားပြီး အချိုရည် ဈေးကွက်မှာ သံဗူး-ပုလင်း စသည်ဖြင့် တံဆိပ်စုံ ထုတ်လုပ်၍ ရောင်းချလျှက် ရှိနေကြပါတယ်။
ဝယ်လိုအား ကောင်းတာ ကြောင့်လည်း ယနေ့ နိုင်ငံ တိုင်းလိုလို စူပါမားကတ်တွေမှာ အားဖြည့်အချိုရည် တွေက ခိုင်ခိုင်မာမာနေ ရာယူလျှက်ရှိနေပါတယ်။ သူ့ ရဲ့ ဆောင်ပုဒ်က *“**ခံနိုင်ရည် စွမ်းအားတိုး ပွားလာပြီး၊ ခွန်အားပြည့် လန်းဆန်း တက်ကြွလာမှာ ဟော့ဒီ အားဖြည့်အချိုရည်ပါ။ သင့်အနာဂတ်အတွက် ချမ်းသာပျော်ရွှင် စေ**ဖို့  အားဖြည့် အချိုရည်ကိုသာ သောက်လိုက်ပါ**”* လို့  လူငယ်လူရွယ်တွေ စိတ်ဝင်စားအောင် ကြောငြာ ထားပြန်ပါတယ်။

အဲဒီအချိုရည်တွေသောက်ပြီးတဲ့အခါ တခဏအတွင်း ဦးနှောက်ကြည် လင်သွားတာကြောင့် ကျောင်းနေရွယ် ဆယ်ကျော်သက်များ၊ အားကစား သမားများအပြင်၊ အိပ်ရေးပျက်ခံအလုပ်လုပ်သူများ နဲ့  အရက်သောက်ပြီးနောက် ခေါင်းမကြည်မလင်ဖြစ်သူများလည်း အကြိုက်တွေ့ နေကြပါတယ်။ *(တချို့  အားဖြည့်အချိုရေတွေက အရသာချိုမြ တာကြောင့်လည်း အသက် ၁၀-နှစ်အောက်ကလေး များပါ သောက်သုံးလာကြပါတယ်)*

ဦးနှောက်လန်းဆန်းစေဖို့ စွမ်းအားလွန်လှုံ့ ဆော်တိုက်တွန်းပေးတဲ့ ကဖိန်းဓာတ် နဲ့ တော်ရင်း အက် ဆစ်တို့ ဖြင့် လွန်လွန်ကျူး ကျူး ထဲ့ဝင် ဖန်တီးထုတ်လုပ် ထားတာမို့ ထိုအချိုရည်တွေဟာ *“အပြစ်ကင်းစန့် စင်တဲ့ ရိုးရိုးဆော်ဒါ အချိုရည်မဟုတ်ပါ”* ဘူး။ ဒါ့ပြင် လန်းဆန်းတက်ကြွစေရန် စွမ်းအားပြည့် GLUCURONOLACTONE (ခေါ်) ပြင်းထန်တဲ့ ဓာတုပစ္စည်းကို ထဲ့သွင်းထားမို့  ယနေ့  ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာ တင်သွင်းသောက်သုံးခွင့် တားမြစ်ထားတယ်လို့ ဆိုပါတယ်။ 

သက်လတ်ပိုင်းများအနေဖြင့် ၄င်းအား ဖြည့်အချိုရည်တွေကို ရံဖန်ရံခါမျှသာသောက်သုံးသင့်ကြောင်း၊ နှစ်ခြိုက် စွဲလန်းပြီး မကြာခဏသောက်သုံး မိရင်တော့ အောက်ပါ ကျမ္မာရေး ဘေးထွက်ဆိုးကျိုးများ ဖြစ် လာစေနိုင်တာမို့ လျော့သောက်သင့်ကြောင်း၊ ဆယ်ကျော်သက်များနဲ့  အသက် ၁၀ နှစ် နဲ့ အောက် ကလေးငယ်များအား ထိုအချိုရည် တွေ သောက်သုံးမှုကို (လုံးဝ)ခွင့်မပြုသင့်ကြောင်း USDA (ခေါ်) အမျိုး သားအာဟာ ရပြုစစ်တမ်းများနှင့် WHFoods တို့ မှ သတိပေးထား ကြပါတယ်။

(၁) အားဖြည့် အချိုရည်သောက်ပြီးနောက် ကိုယ်လက်လှုပ်ရှားမှု (လုံးဝ) မရှိခဲ့ရင် နှလုံးခုန်နှုံးမြန် ဆန်လာပြီး၊ နှလုံးကို ထိခိုက်စေပါတယ်။
(၂) အားဖြည့်အချိုရည်ထဲရှိ ဓာတုပစ္စည်းများဟာ သွေးထဲမှာစိမ့်ဝင်ပျံ့ နှံ့ ကာ ခန္ဒာကိုယ်တွင်း ဇီဝ ကမ္မဖြစ်စဉ်ကို ချက်ချင်းဆိုသ လို အတက်အကျ ပြောင်းလဲစေပါတယ်။
(၃) အကယ်၍ အားဖြည့်အချိုရည်ကို အရက်နဲ့ ရောသောက်မိရင်၊ ထိုအရောအနှောဓာတ်ပြုမှု တို့ က *“သေစေတဲ့ ဗုံး”* အဖြစ် အသည်းကိုတိုက်ရိုက်ထိခိုက်စေပါတယ်။
(၄) Coma (ခေါ်) ကြာမြင့်စွာသတိလစ်မေ့မြောနေတဲ့ ဝေဒနာသည်တွေ မှီဝဲတဲ့ဆေးဝါးထဲမှာ ဗီတာ မင်B12 ကို သုံးလေ့ရှိပါတယ်။ ဗီတာ မင်B12 နဲ့ ဖြည့်စွက်ထုတ်လုပ်ထားတဲ့ အားဖြည့်အချိုရည်ကို မကြာခဏ သောက်သုံး သော သာမန်လူကောင်းများအနေဖြင့် သွေးဖိအားများ ဖောက်ပြန် လာစေပါတယ်။
(၅) အကယ်၍ အားဖြည့်အချိုရည်ဗူးကို နေ့ စဉ် သောက်သုံးခဲ့ပါလျှင် ဦးနှောက်နှင့် အာရုံကြောရောဂါ ဖြစ်လာနိုင် ပါတယ်။
(၆) ဆီးချိုရောဂါ (အမှတ် ၂) ကိုဖြစ်စေပါတယ်။
(၇) အသက်ရှု လမ်းကြောင်းကို ကမောက်ကမ ဖြစ်စေပါတယ်။
(၈) ရုတ်တရက် ၀က်ရူးတက်ခြင်း/ လေသင်ဒုန်းဖြတ်ခြင်းတို့ ဖြစ်စေပါတယ်။
(၉) သွေးခုန်နှုန်းမြန်စေကာ၊ နှလုံးတုန်ရင်ခုန်၍ နာတာရှည် အိပ်မပျော်ခြင်း ဖြစ်စေပါတယ်။
(၁၀) နှလုံးထံသို့ သွေးပို့ ပေးသည့် သွေးလွှတ်ကြောတွေ အလုပ်မလုပ်နိုင်တော့ တာကြောင့် နှလုံးသွေးမလျှောက် တော့ဘဲ နှလုံးကြွက်သား တစ်ရှုးများ သေသွားစေပါတယ်။
(၁၁) နေ့ စဉ် ၂၅၀ မီလီလီတာ သောက်သုံးလေ့ရှိသူ လူငယ်များအဖို့ ခေါင်းတခြမ်းကိုက်ခြင်း၊ စိတ် ကျရောဂါ ဖြစ်ခြင်း နဲ့  မှတ်ဥာဏ်စွမ်းရည်ကို ထိခိုက်လာစေကြောင်း The Journal of American College Health(ခေါ်) အမေရိကန်ဆေးဂျာနယ် မှာ ဖော်ပြထားပါတယ်။
(၁၂) ခန္ဒာကိုယ်ရဲ့  အရိုး၊ အဆစ်များနဲ့  သွားများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်စီယမ်(ထုံး)ဓာတ်ကို အဟန့်  အတား ဖြစ်စေပါတယ်။
(၁၃) ချွေးထွက်လွန်စေပါတယ်။
(၁၄) ၀မ်းသာ-၀မ်းနည်း ကြုံတွေ့ ရတဲ့အခါတွေမှာ ခံစားမှု စိတ်ဝေဒနာကို မချုပ်တည်းနိုင်တော့ပါဘူး။
(၁၅) သွေးတိုးနိုင်ပါတယ်။
(၁၆) ရေဓာတ်ဆုံးရှုံးသွားကာ မအီမလည်ဖြစ်လာပြီး၊ ပျို့ အန်စေပါတယ်။
(၁၇) ဗိုက်နာစေပါတယ်။
(၁၈) ဆီးမကြာခဏ (တစိမ့်စိမ့်) ထွက်စေတဲ့အပြင်၊ ကျောက်ကပ်ပျက်စီး လာပါတယ်။
သို့ ပါ၍ လူကို တဖြည်းဖြည်း ဇီဝိန်ချွေတဲ့ အားဖြည့် အချိုရည်များကို လုံးဝမသောက်ကြ ပါရန် နှင့် အားဖြည့် အချိုရည်အန္တရာယ်ကို ကျမ္မာရေးအသိစိတ်ဓာတ်ဖြင့် လက်ဆင့်ကမ်းမျှဝေပေးရန် International Health Digest (ခေါ်) အင်တာနက် သတင်းလွှာမှာ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ က ထုတ်လွှင့် သွားပါကြောင်း။


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
------------------------------------- 
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...