Google ၏ Modular Smartphone များတွင် ပါဝါဖွင့်ထားစဉ် အစိတ်အပိုင်းများကို လဲလှယ်နိုင်

Google က Project Ara ဟု အမည် ပေးထားသော စီမံကိန်းကို ပြုလုပ်နေပြီး Modular Smartphone များကို တီထွင်ရန် ဖြစ်ပါသည်။ Modular Smartphone ဆိုသည်မှာ ဖုန်း၏ အစိတ်အပိုင်းများကို ဖြုတ်တပ် လဲလှယ်နိုင်ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဖုန်ုး၏ ကင်မရာကို အဆင့်မြှင့်ချင်လျှင် ဖုန်းအသစ် ၀ယ်ရန် မလိုဘဲ ကင်မရာကိုသာ ဖြုတ်ထုတ် လဲလှယ်နိုင်ခြင်း ဖြစ်ပါသည်။ Battery, Processor, RAM, Internal Storage , GPU စသည် များကိုလည်း ထိုကဲ့သို့ အဆင့်မြှင့်နိုင်ပါသည်။

ယခုအခါ Project Ara အဖွဲ့၏ ခေါင်းဆောင် ဖြစ်သူ Paul Eremenko က Modular Phone များကို ပါဝါဖွင့်ထား စဉ်တွင် အစိတ်အပိုင်းများကို ဖြုတ်တပ်လဲလှယ်နိုင်သည်ဟု ကြေညာပါသည်။ ဥပမာ အားဖြင့် ဖုန်း၏ Memory ပြည့်သွားလျှင် ဖုန်းကို ပါဝါ ပိတ်ရန် မလိုဘဲ အခြား Memory Card တစ်ခုကို ထည့်သွင်းနိုင်ပါသည်။ ဖုန်းအတွင်း သိုလှောင်ထားသော စွမ်းအင် အပိုကြောင့် ဘက်ထရီကိုလည်း ထိုကဲ့သို့ ဖြုတ်တပ်နိုင်သည်ဟု သိရပါသည်။ ရိုက်ကူးသည့် နေရာအပေါ်မူတည်၍ ကင်မရာများကို ဖြုတ်တပ်လဲလှယ်နိုင်မည် ဖြစ်သည်။

ပါဝါ ပိတ်ထားစဉ် ဖြုတ်တပ်၍ မရသော အစိတ်အပိုင်းနှစ်ခုမှာ Processor နှင့် Display ဖြစ်ပါသည်။ Google က Modular Phone များကို ဒေါ်လာ ငါးဆယ်ဖြင့် ရောင်းချရန် ရည်မှန်းထားပါသည်။ အစိတ်အပိုင်းများ၏ ဈေးနှုန်းများ ကိုမူ မသိရသေးပါ။

ပထမဆုံး Modualr Phone ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ကြေညာမည်ဟု မျှော်လင့်ရပါသည်။ အဆိုပါ ဖုန်းများတွင် Android L ကို ပြုပြင်ထားသော OS ကို အသုံးပြုမည် ဖြစ်သည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...